စီးပွားဥစ္စာတွေကို မြဲစေမဲ့ နည်းလမ်း

Astrology
စီးပွားဥစ္စာတွေကို မြဲစေမဲ့ နည်းလမ်း

ငွေကြေးတွေ စီးပွားဥစ္စာတွေအသည်းအသန်ရှာဖွေတယ် ရရှိပြီးနောက် ငွေတွေမမြဲဘူး အဖတ်မတင်ဘူး အလဟသလေလွင့်ဆုံးရှူံးနေမယ်ဆိုရင် ရှာရ ဖွေရတာ အကျိုးမရှိဘူးပေါ့… ရှာဖွေလို့ရရှိတဲ့ ငွေကြေးဥစ္စာတွေကို စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတဲ့စကားအတိုင်းအဖတ်တင်အကျိုးရှိစေဖို့ ​ရှေးကပညာရှင်တွေ လမ်းညွှန်ပြသခဲ့ပါတယ်….. ။

မဟာဘုတ်ပညာရှင်တွေက မိမိရဲ့မဟာဘုတ်(သိုက်) ဆိုတဲ့ဌာန မှာရှိသောအသားကို သေတ္တာလုပ်ပြီး ငွေကြေးဥစ္စာများကို သိမ်းဆည်းစုဆောင်းဖို့ လမ်းညွှန်လေ့ရှိပါတယ်ဗျာ…..သေတ္တာမလုပ်ဖြစ်ရင် အရောင်နဲ့ပိုက်ဆံအိတ်လုပ်ပြီး ထည့်သိမ်းထားပေါ့ခင်ဗျာ…..

မိမိရဲ့မြန်မာမွေးသက္ကရာဇ်ကို ၇ နဲ့စားပါ။

(၁)ကြွင်းသမားများ

ဇီးသား၊ဇောင်ချမ်း သားကို သေတ္တာလုပ်ပါ။
အညိုရောင် သို့မဟုတ် နီညိုရောင် ပိုက်ဆံအိတ်နဲ့စုပါ။

(၂)ကြွင်းသမားများ

ဝါး၊ လက်ပံ ၊လင်းလွန်း သားကို သေတ္တာလုပ်ပါ။
အစိမ်းရောင် ပိုက်ဆံအိတ်နဲ့စုပါ။

(၃)ကြွင်းသမားများ

ပေါက်၊ ပျဥ်းမ သားကို သေတ္တာလုပ်ပါ။
အဝါရောင် ပိုက်ဆံအိတ်နဲ့စုပါ။

(၄)ကြွင်းသမားများ

သီးသား၊ သီဟိုဠျ သားကိုသတ်ေတာလုပျပါ။
အပြာရောင် ပိုက်ဆံအိတ်နဲ့စုပါ။

(၅)ကြွင်းသမားများ

ထန်း၊ထိန်၊တည် သားကိုသေတ္တာလုပ်ပါ။
အနက်ရောင် ပိုက်ဆံအိတ်နဲ့စုပါ။

(၆)ကြွင်းသမားများ

အင်သား ကိုသေတ္တာလုပ်ပါ။
ရွှေရောင် သို့မဟုတ် အနီရဲရဲရောင် ပိုက်ဆံအိတ်နဲ့စုပါ။

(၇)ကြွင်း သို့မဟုတ် (၀)ကြွင်းသမားများ

ကံ့ကော်သား ၊ ခရေသား၊ ကျွန်း သားကိုသေတ္တာလုပ်ပါ။
အဖြူရောင် ငွေမင်ရော ပိုက်ဆံအိတ်နဲ့စုပါ။
ပိုက်ဆံအိတ်နဲ့ မလွယ်ကူရင် အထက်ပါအရောင်ရှိသော
ပိတ်စများ လက်ကိုင်ပုဝါတို့ဖြင့်တညအိပ်ထားပြီးစုပါလေ…..
အားလုံးငွေကြေးကိစ္စများမြဲမြံပါစေ.

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။