လာဘ်ပိတ်စေတတ်သောအချက်များ

Astrology
လာဘ်ပိတ်စေတတ်သောအချက်များ

၁။ မီးဖိုအား စလောင်းဖုံး​ဖြင့် အုပ်ထားခြင်း ။
၂။ အိမ်ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသောနေရာတွင်ထားခြင်း ။
၃။ မိမိဇနီးသည်အား ညာဘက်တွင်အိပ်စေခြင်း ။
၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပစ်ခြင်း ။
၅။ ထမင်းဟင်းချက်ရင်း သီချင်းသီဆိုခြင်း ။
၆။ နေဝင်ခါစအချိန်တွင် အိပ်စက်ခြင်း ။
၇။ နေဝင် ၊ မိုးချုပ် လေချွန်ခြင်း ။
၈။ နေမထွက်ခင် ကြွေးပေး ၊ ကြွေးယူ ၊ ကြွေတောင်းခံရခြင်း ။
၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း ။
၁၀။ နေဝင် ၊ နေထွက်ချိန် ကလေးများအား ရိုက်ခြင်း ။

၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း ။
၁၂။ နေဝင် ၊ နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း ။
၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင်ဖားလျားဖြင့်အပြင်သို့သွားခြင်း ။
၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်း များကို အိမ်ဦးခန်း၌ထားခြင်း ၊ စွန့်ပစ်ခြင်း ။
၁၅။ မိမိ ဝတ်သောပုဆိုး ၊ ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း ။
၁၆။ အိမ်အပေါက်အား နောက်ပြန်ဝင်ခြင်း ၊ နောက်ပြန် ကျောပေးထိုင် ခြင်း။
၁၇။ မျက်နှာမသစ်ပဲ အစာစားခြင်း ။
၁၈။ မိမိခန္ဓာကိုယ်မှ အမွေးအမျှင်နှင့် မသန့်ရှင်းသောပစ္စည်းများ အိမ်အတွင်းစွန့်ပစ်ခြင်း ။
၁၉။ သောက်ရေအိုး ရေမလဲပဲ ခြောက်နေခြင်း ၊ ရေပြည့်အောင် ထည့်လေ့မရှိခြင်း ။
၂၀။ သောက်ရေအိုးမှရေကို ထမင်းဟင်းချက်ရာတွင်သုံးခြင်း ။

၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်းအိပ်ခြင်း

၂၂။ သားသမီး ၊ ဇနီးကို လင်သားကငွေ(သို့) အစားအစာ ပစ်ပေးခြင်း ။
၂၃။ အဝတ်အစားများ ပြောင်းပြန်ဝတ်ခြင်း ။
၂၄။ ထမင်းစားရင်း အိပ်ငိုက်ခြင်း ။
၂၅။ အိမ် ၏မျက်နှာစာတွင် ကလေးငယ်အား အပေါ့ ၊အလေး စွန့်ခိုင်းခြင်း။
၂၆။ ထမင်းရည်ပူအား မြေကြီးပေါ်သို့တိုက်ရိုက် ငှဲ့ချခြင်း ။
၂၇။ မိမိအိမ်သို့လာသော တောင်းစားသူများအား ဆဲဆိုလွှတ်ခြင်း ။
၂၈။ အိမ်သာတက်ရင်း အစားစားခြင်း ။

၂၉။ စားသောက်ပြီး အိုးခွက်ပန်းကန်များကို အချိန်ကြာမြင့်စွာ မဆေးပဲထားခြင်း ။
၃၀။ အိုးခွက်ပန်းကန်များကို တီး၍ သီချင်းဆိုခြင်း ။
၃၁။ အိမ်ရှေ့တည့်တည့်တွင် ထမိန်စကတ်များကိုလှန်းခြင်း ၊ ချွတ်ထားခြင်း ။
၃၂။ မိမိအိမ်တွင် မွေးမြူထားသော တိရိစ္ဆာန် များအား အစာမကျွေးပဲ လှောင်ထားခြင်း ၊ ရိုက်နှက်ခြင်းတို့ကိုရှောင်ပါ ။

ဤကားဗေဒင်ကျမ်းအလိုတည်း။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။