ဆီးချိုရောဂါရှင်များမကြာခနစားပေးသင့်တဲ့ကြက်ဟင်းခါးသီး

Health Knowledge
ဆီးချိုရောဂါရှင်များမကြာခနစားပေးသင့်တဲ့ကြက်ဟင်းခါးသီး

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃)ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုက ို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄)စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။

(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။

သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

credit:မြန်မာတိုင်းရင်းဆေး

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။