မွေးလကပြောတဲ့လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်

Astrology
မွေးလကပြောတဲ့လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်

ဗေဒင်ကိန်းခန်းအရ မွေးလအသီးသီးရဲ့ မတူညီကွဲပြားတဲ့ အကျင့်စရိုက်တွေကို ဖော်ပြပေးသွားမှာပါ ။

{ဇန်နဝါရီ}

ဇန်နဝါရီဖွားလေးတွေ သူတို့ကို မသိတဲ့သူတွေကတော့ အေးတိအေးစက်နဲ့ စကားနည်းတဲ့သူလို့ ထင်ကြတာပေါ့။ ခင်လည်းခင်သွားရော တော်ပါတော့လို့ ပြောယူရအောင် စကားစပယ်ရှယ်များသူတွေပါ။ ခေါင်းမာတယ်။ ရည်မှန်းချက်ကြီးတယ်။ လူတစ်ယောက်ကို အားနည်းချက် ၊ အားသာချက်ကြည့်ပြီး မဆုံးဖြတ်ဘူး။ သပ်သပ်ရပ်ရပ်နေတတ်တယ်။ သူများကို ပျော်အောင်ဘယ်လိုလုပ်ပေးရမလဲ ကောင်းကောင်းသိတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ပိုက်ဆံအသုံကြီးတတ်လို့ ခဏခဏဘိုင်ပြတ်တတ်ပါတယ်တဲ့လေ ။

{ဖေဖော်ဝါရီ}

ဖေဖော်ဝါရီဖွားတွေကတော့ ဒေါသထွက်လွယ်ပြီး စိတ်ပြောင်းလွယ်တဲ့သူတွေပါ။စိတ်ကူးအရမ်းယဉ်တတ်တယ်။ ဖေဖော်ဝါရီအများစုက ရုပ်ချောပြီးဥာဏ်ကောင်းကြတယ်။ ကိုယ်ရဲ့ပန်းတိုင်ရောက်ဖို့ တစိုက်မတ်မတ်ကြိုးစားတတ်တဲ့သူတွေ ဖြစ်တယ်။ လာချုပ်ချယ်ရင်မကြိုက်ဘူး။ မလိုအပ်တဲ့အပိုတွေ လာလုပ်ရင် မကြိုက်ဘူး။ စိတ်ကူးထဲမှာတော့ ရိုမန်တစ်ဆန်ပေမယ့် အပြင်မှာကြိုးစားကြည့်တော့ တလွဲဖြစ်တတ်တာ သူတို့ပေါ့။ ရည်းစားထားရင်လည်း တစ်ယောက်ဆို တစ်ယောက်ပဲ။ သစ္စာရှိကြတယ်။

{မတ်}

မတ်လဖွားတွေကတော့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်ရှိတယ်။ သူစိမ်းတွေနဲ့ဆို ရှက်တတ်တယ်။ အပေးအကမ်း ရက်ရောပြီး သနားကြင်နာတတ်တဲ့စိတ်ရှိတယ်။ စိတ်ခံစားလွယ်တယ်။ ကိုယ့်ကိုသူများလာချစ်တာထက် သူများကိုချစ်ရတာ ပိုကြိုက်တယ်။ နှုတ်လုံတယ်။ ယုံကြည်လို့ရတယ်။ ဒါပေမယ့် လက်တုံ့ပြန်တတ်တဲ့ အကျင့်ရှိတယ်။ သူများတွေဆီက အာရုံစိုက်မှု ရတာကို အရမ်းကြိုက်တယ်။ ပိုက်ဆံရှာရလွယ်ပြီး ရှာထားတဲ့ ပိုက်ဆံလွယ်လွယ် ကုန်တတ်တယ်။ အသက်သာကြီးလာမယ် ၊ ကလေးတစ်ယောက်လိုပြုမူချင်တတ်တုန်း ။ လက်တွဲဖော်ရှာတဲ့အခါ စိတ်ကအမြဲမပြတ်မသား ဖြစ်လေ့ရှိတယ်။

{ဧပြီ}

သွက်သွက်လက်လက်နေတတ်တယ်။ ဆုံးဖြတ်ချက်ခိုင်မာတယ်။ တစ်ခါတစ်ရံ ရှပ်ပြာတတ်တယ်။ စိတ်ဓာတ်ခိုင်မာတယ်။ ခေါင်းမာတယ် ။ ဆရာကြီးတအားလုပ်တတ်တယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ သူများ ပြဿနာတွေကို လိုက်ဖြေရှင်းပေးတတ်တယ်။ သူငယ်ချင်းများမယ်။ ချစ်ခင်သူတွေ ပေါများမယ်။ ဒါပေမယ့် ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကြောင့် ကိုယ်ချစ်တဲ့သူတွေ နဲ့ ဝေးရတတ်တယ်။ အကြောက်အလန့်နည်းပြီး ရဲရင့်တယ်။ တစ်ခုခုကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဘယ်သူမှကိုယ့်ကို တားလို့မရတော့ဘူး။

{မေ}

မေလဖွားတွေကတော့ ကိုယ့်ဘာသာ အေးဆေးနေတတ်တယ်။ အရှုပ်အယှက်တွေမကြိုက်ဘူး။ ဒါပေမယ့် ကိုယ့်ကိုလာတိုက်ခိုက်လာရင်တော့ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ် ဆိုတဲ့လူတွေပါ။ အနုပညာ ဝါသနာပါတယ်။ သူငယ်ချင်းတွေကို အရမ်းဦးစားပေးတယ်။ အသည်းမာတယ်။ ထက်မြက်တယ်။ စိတ်ဆိုးစိတ်ကောက်ရင် ခဏပဲ။ အကြာကြီးချော့စရာ မလိုဘူး။ အိမ်မှာနေရတာ မကြိုက်ဘူး။ ခရီးထွက်နေရတာ ကြိုက်တယ်။

{ဇွန်}

ဇွန်လဖွားတွေကတော့ အရမ်းသဝန်တိုတတ်သူတွေပါ။ အချစ်ရေးကတော့ ရှုပ်ထွေးမှုများတယ်။ သုံးပွင့်ဆိုင်တို့ လေးပွင့်ဆိုင်တို့ ကြုံတာများပါတယ်။ အတိတ်ကို မမေ့နိုင်ဘဲ ဖြစ်နေတတ်တယ်။ ဇွန်လဖွားတွေက ယဉ်ကျေးသိမ်မွေ့တယ်။ ဂျီးများတယ်။ အကောင်းဆုံးဆိုတာပဲ လိုချင်ပြီးတအား ရွေးချယ်တယ်။ ဆန်းသစ်တီထွင်တတ်တယ်။ ဟာသဉာဏ်ရွှင်တယ်။ စကားများတယ်။ စကားပြောကောင်းတယ်။ သူတို့နဲ့ စကားနိုင်သွားမလုနဲ့ ။ ထိုင်ငိုသွားမယ်။ အလွယ်တကူ နာကျင်ခံစားတတ်တယ်။ ခံစားရတဲ့ဒဏ်ရာက လွယ်လွယ်နဲ့ပျောက်မသွားဘူး။ အချိန်ကြာကြာနေပြီးမှ မေ့ပျောက်လေ့ရှိတယ်။

{ဇူလိုင်}

ဇူလိုင်လဖွားတွေကတော့ သူများတွေကို ဂရုစိုက်တတ်တယ်။ ခံစားချက်တွေ မဖော်ပြတတ်ဘူး။ တစ်ခါတစ်လေ သူတို့တွေကို နားလည်ပေးဖို့ ခက်ခဲတယ်။ မာနကြီးတယ်။ ခင်မင်တဲ့ သူတွေနဲ့တော့ ပေါတောတောနေတယ်။ သူများခံစားချက်ကို အရမ်းဂရုစိုက်ပေးလို့ ကိုယ်ကပဲခံစားရတာများတယ်။ ချက်ချက်လက်လက် သွက်သွက်လက်လက် ရှိတယ်။ အမှားလုပ်ထားရင် ခွင့်လွှတ်ပေးတယ် ၊ ဒါပေမယ့် ဘယ်တော့မှမမေ့ဘူး။ တစ်ယောက်တည်းနေရတာ သဘောကျတယ်။ အလွယ်တကူ မိတ်ဆွေမဖွဲ့တတ်ဘူး။

{သြဂုတ်}

သြဂုတ်လဖွားတွေကတော့ ခေါင်းဆောင်တစ်ယောက် စိတ်ဓာတ်ရှိတယ်။ ဦးဆောင်ရတာ သဘောကျတယ်။ ရဲရင့်တယ်။ ဂုဏ်မက်တယ်။ သဝန်တိုလွယ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အလုပ်အရမ်းကြိုးစားတယ်။ နေမကောင်း ခဏခဏဖြစ်တတ်တယ်။ အချစ်ရေးမှာတော့ ရိုမန်တစ်ဆန်သူတွေပါ။

{စက်တင်ဘာ}

စက်တင်ဘာဖွားတွေကတော့ ခေါင်းမာတဲ့သူတွေပါ။ သနားတတ်တယ်။ ပူပန်တတ်ပြီး စေ့စပ်တယ်။ သစ္စာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အပြည့်ပဲ။ မှတ်ဉာဏ်ကောင်းတယ်။ သတင်းအချက်အလက်တွေ လိုက်စုရတာ သဘောကျတယ်။ သိုသိုသိပ်သိပ်နေတယ်။ ကိုယ်ခံစားချက်ကို ဖော်ပြခဲတယ်။ တစ်ခုခုဆို အတွေးလွန်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ်တယ်။ အလွယ်တကူ စိတ်အားငယ်တတ်တယ်။ အချစ်ရေးမှာဆိုရင်လည်း ကိုယ့်ကိုမချစ်တဲ့သူကိုမှ တန်းတန်းစွဲဖြစ်နေတတ်တယ်။ ကိုယ့်ကိုကြိုက်တဲ့သူတွေကိုတော့ လှည့်တောင်မကြည့်ဘူး။ ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါသော်လည်း ဂျီးများလွန်းသော်ကြောင့် အပျိုကြီး ၊ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရတတ်တယ်။

{အောက်တိုဘာ}

အောက်တိုဘာဖွားတွေကတော့ ဇွဲကောင်းတယ်။ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ဇွဲမလျော့ဘူး။ ကံကောင်းတတ်တယ်။ စိတ်ထားလှတယ်။ သူငယ်ချင်းတွေကို နံပါတ်တစ်နေရာမှာ ထားတယ်။ လွယ်လွယ်ခံစားပြီး လွယ်လွယ်မေ့ပျောက်တတ်တယ်။ သဝန်တိုလွယ်တယ်။ ဟန်မဆောင်တတ်ဘူး။ စိတ်ထဲမှာရှိသမျှက ကိုယ့်မျက်နှာပေါ်မှာ လာပေါ်နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွယ်လွယ်ပျောက်တတ်တယ်။

{နိုဝင်ဘာ}

နိုဝင်ဘာဖွားတွေကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူချစ်လူခင်ပေါတယ်။ စိတ်ရှည်တယ်။ ခေါင်းမာတယ်။ စပ်စုတတ်တယ်။ ထက်မြက်တယ်။ စကားနည်းတယ်။ နည်းနည်းပြောပြီး များများတွေးတာ သူတို့တွေပေါ့။ စိတ်ပါရင် အကုန်လုပ်တယ်။ စိတ်မပါရင် ဘာဆိုဘာမှမလုပ်ဘူး။ ဒေါသထွက်ခဲတယ်။ ဒေါသထွက်ပြီဆိုရင်လည်း သူများနဲ့မတူဘူး။ သူများနဲ့မတူ စဉ်းစားတွေးခေါ်တတ်တယ်။ မြှောက်ပြောတိုင်းမမြှောက်တတ်ဘူး။ အချစ်ရေးမှာ မရေရာ မသေချာဖြစ်တတ်တယ်။

{ဒီဇင်ဘာ}

ဒီဇင်ဘာလဖွားတွေက လတွေအားလုံးထဲမှာ ကံအကောင်းဆုံးသူတွေပါ။ အထူးသဖြင့် အချစ်ရေးမှာ ကံအရမ်းကောင်းပါတယ်။ အားကစားမှာ ထူးချွန်တယ်။ စိတ်မရှည်ဘူး။ စိတ်တိုလွယ်တယ်။ ဟန်မဆောင်တတ်ဘူး။ ရိုးသားတယ်။ အရှိကိုအရှိတိုင်းပြောလို့ ခဏခဏပြဿနာတတ်တက်တယ်။ အချစ်ခံရတာ ကြိုက်တယ်။ Personality ပြောင်းလွယ်တယ်။ ချုပ်ချယ်တာမကြိုက်ဘူး။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။