ထမင်းမဝရင်တောင် ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလသမာဓိကို ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

Celebrity Local News
ထမင်းမဝရင်တောင် ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလသမာဓိကို ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်ကြီးရေ.. အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အနုပညာလောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါ တယ်။ နိုင်ငံရေးပဋိပက္ခတွေဖြစ်စဉ်ကတည်းက အမှန် တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ လက်ရှိမှာ ပြည်သူတွေကိုမေ့ပြီး ဝမ်းရေးကိုပဲ အသည်းအသန်ရှာဖွေမနေချင်ဘူးလို့ ပြောလာပါတယ်။

ဖြူဖြူကျော်သိန်းက “ဟိုတလောက ဖြူဖြူpost အောက်မှာ လာမန့်တယ်။ “မဖြူက အူမတောင့်တော့ သီလစောင့်နိုင်တာပေါ့” တဲ့ ” တကယ်တော့…သီလဆို အူမတောင့်ခြင်းနဲ့ ဆိုင်ကိုမဆိုင်တာ။ ဘာလို့ဆို သီလဆိုတာ ကိုယ်ကျင့်တရား။ ကိုယ်ကျင့်တရားဆိုတာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စောင့်ထိန်းရမယ့်အရာ။ အူမတောင့်မှ သီလစောင့်မယ် ဆိုတာ ထမင်းဝမှ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်မယ် လို့ပြောတာ။

တကယ်လိုများ ထမင်းမဝလို့ ကိုယ်ကျင့်တရား မ စောင့်ထိန်းနိုင်ရင် ခွင့်လွှတ်လို့ရသလိုမျိုး ဖြည့်တွေးပေး နေတာ။ အမှန်တော့ သီလဆိုတာ ထမင်းဝဝ မဝဝ စောင့်ကိုစောင့်ရမယ့်အရာ။ ထမင်းအငတ်ခံပြီးတော့ကို စောင့်ရမယ့်အရာ။ ဘာမှမရှိတော့ရင်တောင် သီလဟာ သေတဲ့ထိ ကိုယ်နဲ့အတူကျန်ခဲ့ရမယ့်အရာ။ အူမတောင့်မှ သီလစောင့်မယ် လို့ပြောကြကြေးဆို…သိန်းထောင် သောင်းချီ တိုက်ကြီး ခြံကြီးတွေထဲနေပြီး အူမတောင့်နေ ပါလျက်နဲ့ သီလမစောင့်နိုင်သူတွေ က ဘာလုပ်နေကြ တာတုန်း။

အဲ့လိုပဲ…အသက်တွေ ဘဝတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အိပ်မက်တွေ အလုပ်အကိုင်တွေ အောင်မြင်မှုတွေ ကိုယ့်ရှိတာတွေ ရင်းနှီးစွန့်လွှတ်ပြီး၊ အများအကျိုးအတွက် ဒုက္ခခံ သီလစောင့်နေသူတွေကရော ဘာလို့အဲ့လိုလုပ်နေကြ တယ်ထင်တုန်း။ အဲ့တော့…အူမတောင့်မှ သီလစောင့် မယ် လို့စဉ်းစားမိရင်… ကိုယ့်နားမှာ အူမ မတောင့်လည်း ရှိတာစွန့်လွှတ်ပြီး သီလစောင့်နေသူတွေကို အရင် အားနာလိုက်ပါ။ ဓာတ်ပုံကတော့ ဖြူဖြူကျော်သိန်း ဆို တဲ့ အူမတောင့်တောင့်ကြီးကိုထားခဲ့ပြီး၊ သီလစောင့်ဖို့ သွားရာလမ်းတစ်နေရာမှာ အမှတ်တရ ရိုက်ထားတာ ပုံလေးက ရုပ်ဆိုးတယ်ဆိုပြီး ကျော်မသွားကြနဲ့ဦးနော် ” ဆိုပြီး ပြောလာခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ထမင်းမဝရင်တောင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ သီလသမာဓိကို ဆက်လက်ထိန်းသိမ်းသွား မယ်ဆိုပြီး ပြတ်သားစွာပြောလာခဲ့တာပဲဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းကတော့ ပရိသတ်မိဘပြည်သူတွေ အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။