ဘုမ္မိအရပ်နဲ့အိမ်မျက်နှာစာ

Astrology
ဘုမ္မိအရပ်နဲ့အိမ်မျက်နှာစာ

မြန်မာ့လက်ဆန်းဗေဒင်ပညာမှာ ပရိဝါယ အာယု စသဖြင့် အဌလက်ရှစ်ပါးရှိပါတယ်။ဒီလင်္ကာကို အချို့ပညာရှင်များက အဟောပိုင်းမှာသုံးတယ်၊အချို့က ယတြာနဲ့ မြို့ပြ အိမ် စသဖြင့်တည်ဆောက်ရာမှာ သုံးခဲ့ကြတယ်။ဘယ်နေရာမှာ ဘယ်လိုပဲသုံးသုံး ဒီပညာခန်းဟာ ဥာဏ်ရှိရင်ရှိသလောက်ကစားနိုင်တဲ့ပညာခန်းကြီးတစ်ခုပါပဲ။ဒီမှာတော့ အိမ်တစ်အိမ်ရဲ့မျက်နှာစာနဲ့ အိမ်ထောင်ဦးစီးရဲ့နေ့နံအလိုက် ဘုမ္မိအရပ်ကျမကျ ဆိုတာရယ် ၊ ကျနေခဲ့ရင်ရော ဘယ်လိုဖြေရှင်းမလဲဆိုတာကို တင်ပြပေးသွားပါမယ်။

အိမ်ထောင်ဦးစီးဆိုတာ အိမ်တစ်အိမ်မှာ ဦးဆောင်ဦးရွက်ပြုရတဲ့ပုဂ္ဂိုလ်ကိုခေါ်ပါတယ်။အရင်ဦးဆုံးသူ့နေ့နံဘာလဲဆိုတာတစ်ချက်ကြည့်ရမည်။ပြီးတဲ့အခါ ကိုယ်နေထိုင်တဲ့အိမ်ဟာ မျက်နှာဘယ်အရပ်မူနေသလဲဆိုတာကို သိထားရပါမယ်။

နေ့သား ဘုမ္မိအရပ်
===== ======
တနင်္ဂနွေ တောင်အရပ်
တနင်္လာ အနောက်တောင်အရပ်
အင်္ဂါ အနောက်အရပ်
ဗုဒ္ဓဟူး အနောက်မြောက်
ကြာသပတေး အရှေ့မြောက်အရပ်
သောကြာ အရှေ့တောင်အရပ်
စနေ မြောက်အရပ်
ရာဟု အရှေ့အရပ်

အထက်မှာ နေ့သားသမီးအလိုက် ဘုမ္မိအရပ်တွေကို ဖော်ပြပေးခဲ့ပါတယ်။အိမ်တစ်အိမ်ရဲ့အိမ်ထောင်ဦးစီးအလိုက် နေအိမ်မျက်နှာမူတဲ့အရပ်ဟာ ဘုမ္မိကြတဲ့အခါမျိုးမှာ အဆိုပါအိမ်သည် စီးပွားရေး တွင်မည်မျှကြိုးစားစေကာမှု အဖတ်မတင်ခြင်း ၊ အိမ်တွင်းရေးမိသားစုရေး ပျော်ရွှင်မှုမျက်သုဉ်းခြင်း ၊ မိသားစုတွင်း ကျန်းမာရေးအားနည်းချက်တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်း စတဲ့ အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။

ဥပမာ…နေအိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးဟာ တနင်္ဂနွေသားတစ်ဦးဆိုကြပါစို့။၄င်းနေထိုင်သောအိမ်ဟာ တောင်အရပ်ကိုမျက်နှာမူထားသည်ဆိုပါစို့။ဒါဆိုရင် အိမ်ထောင်ဦးစီးအတွက် ဘုမ္မိမျက်နှာလှည့်တဲ့အိမ်မျိုးဖြစ်ပါတယ်။အခြားနေ့သားများလည်း ထိုနည်းလည်းကောင်း ပါပဲ။အိမ်ထောင်ဦးစီးကသာ အဓိကနေကြည့်ရှုဆုံးဖြတ်ရမှာပါ။

အထက်က ဆိုခဲ့သလို အိမ်ထောင်ဦးစီးစာ ဘုမ္မိအရပ်မျက်နှာလည့်တဲ့အိမ်မျိုးမှာနေမိနေခဲ့ရင် အညံ့ဆိုး ကနေလွတ်မြောက်အောင်နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံ၀န်းရှေ့မှာ စိုက်ပျိုးပေးရပါမယ်။

နေ့သား အမြစ်အညွန့်အပင်

တနင်္ဂနွေ ဒါန်းကြီး (သို့)နေကြာ ပင်
တနင်္လာ သြဇာပင်
အင်္ဂါ ခရေပင်
ဗုဒ္ဓဟူး စံပယ်
ကြာသပတေး လသာ (သို့) လောက်သေ
သောကြာ ပိတောက်ပင်
စနေ သင်အူပင်(ခက်ခဲက သဲအိုးထဲတွင် အုန်းပင်ပေါက်စိုက်ထားနိုင်)

အထက်ပါ သစ်ပင်စိုက်ယတြာကို ဆောင်ရွက်ခြင်းအားဖြင့် ဘုမ္မိအရပ်မျက်နှာမူမိသောနေအိမ်အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။