ဆော်ဒီမြေမှာမက်ဆီရဲ့ အင်တာမီယာမီကို ဂိုးဒါဇင်၀က်သွင်းပြီး အနိုင်ယူခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နတ်ဆာ

International News Sports
ဆော်ဒီမြေမှာမက်ဆီရဲ့ အင်တာမီယာမီကို ဂိုးဒါဇင်၀က်သွင်းပြီး အနိုင်ယူခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နတ်ဆာ

ရော်နယ်လ်ဒိုရဲ့ အယ်နတ်ဆာနဲ့ မက်ဆီရဲ့ အင်တာမီယာမီတို့ရဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာတော့ ဆော်ဒိပရိုလိဂ်ကလပ်ဟာ မေဂျာလိဂ်ကလပ်ကို ဂိုးဒါဇင်၀က်သွင်းပြီး (၆-၀)နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ‌မက်ဆီနဲ့ရော်နယ်လ်ဒို၂ယောက်လုံး ပွဲထွက်၁၁လူစာရင်းတွေမှာ မပါ၀င်ခဲ့တာကြောင့် ပရိသတ်တွေအတွက်တော့ ခဲလေသမျှ သဲရေကျခဲ့ရပါတယ်။

အယ်နတ်ဆာဟာ ပထမပိုင်း ပွဲချိန်၁၂မိနစ်မှာတင် (၃-၀)ဆိုတဲ့ရလဒ်နဲ့ ဧည့်သည်တွေကို ဦးဆောင်ထားခဲ့တာပါ။ မန်စီးတီးကစားသမားဟောင်း လာပေါ်တေးရဲ့ ကွင်းလယ်လောက်ကနေ သွင်းယူခဲ့တဲ့ဂိုးက လှပခဲ့သလို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ Talisca ကလည်း ရော်နယ်လ်ဒိုရဲ့ Siuu စတိုင်နဲ့ အောင်ပွဲခံခဲ့ပါတယ်။

မက်ဆီဟာ ပွဲချိန်၈၃မိနစ်ရောက်မှ လူစား၀င်ကစားခဲ့တာကို တွေ့ရပါတယ်။ ရော်နယ်လ်ဒိုကတော့ အသင်းရဲ့ အရန်လူစာရင်းမှာတောင် မပါ၀င်ခဲ့ပါဘူး။
အင်တာမီယာမီဟာ ဆော်ဒီမြေကို ချစ်ကြည်ရေးပွဲစဉ် ကစားဖို့ ရောက်နေတာဖြစ်ပြီး Al-Hilal နဲ့ပွဲမှာ အရေးနိမ့်ထားသလို Al-Nassr နဲ့ပွဲမှာလည်း ထပ်မံအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ –Media Fever 9

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။