အသက်အကြီးဆုံး အမျိုးသားGame Streamer အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် Gamer

International News
အသက်အကြီးဆုံး အမျိုးသားGame Streamer အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် Gamer

တရုတ်နိုင်ငံက အသက် ၈၈ နှစ်အရွယ်အမျိုးသားဟာ အသက်အကြီးဆုံးအမျိုးသား Game Streamer အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ “Gamer Grandpa” လို့ ချစ်စနိုးခေါ်ကြတဲ့ ရန်ဘင်လင်းက လွန်ခဲ့တဲ့ ၄ နှစ်က တရုတ်နိုင်ငံရဲ့ဗီဒီယိုမျှဝေတဲ့ပလပ်ဖောင်းဖြစ်တဲ့ Bilibili မှာ ဗီဒီယိုဂိမ်း Vlog စတင်ခဲ့တာပါ။

ရန်က တရုတ်နိုင်ငံ၊ ဖူကျိုးမြို့ကဖြစ်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ခြင်းဆိုင်ရာ သုတေသနနဲ့ အင်ဂျင်နီယာပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူပါ။ လွန်ခဲ့တဲ့ ၂၈ နှစ်၊ ၁၉၉၆ ခုနှစ်မှာ အငြိမ်းစားယူခဲ့တဲ့ ရန်က စားပွဲတင်တင်းနစ်နဲ့ အီလက်ထရွန်နစ်ဂိမ်းကစားခြင်းတွေကိုလည်း ဝါသနာပါပါတယ်။

အစကတော့ ရိုးရှင်းတဲ့ဗီဒီယိုဂိမ်းတွေနဲ့ စတင်ခဲ့ပြီး နောက်တော့ ရှုပ်ထွေးပွေလီတဲ့ ဂိမ်းတွေကို အဆင့်တတ်ခဲ့ပါတယ်။ ရန်ဟာ Bilibili မှာ ဖော်လိုဝါ ၂၈၀၀၀၀ ကျော်ရှိပါတယ်။ ရန်က ကျောင်းစာ၊ အလုပ်နဲ့ ဂိမ်းကစားတာကို ဟန်ချက်ညီအောင်ထိန်းဖို့ လူငယ်တွေကို အကြံပြုထားပါတယ်။ အချိန်ဇယားတွေနဲ့ ဂိမ်းကစားကြဖို့လည်း ပြောထားပါတယ်။

ရန်ကိုယ်တိုင်ကလည်း ဗီဒီယိုဂိမ်းအတွက် အချိန်ဇယားချပြီး ကစားဖြစ်ပါတယ်။ သူ့ရဲ့တစ်နေ့တာမှာတော့ မနက် ၇ နာရီခွဲဆို စားပွဲတင်တင်းနစ်ကစားတာ၊ မနက် ၉ ခွဲဆို ဈေးဝယ်ထွက်တာ၊ ဂိမ်းကစားတာအတွက် နေ့ခင်း ၃ နာရီမှာစတင်ပြီး ၃ နာရီ အချိန်ပေးတာတွေ ပါဝင်ပါတယ်။ သူ့ရဲ့တစ်နေ့တာကို ည ၉ ခွဲဆို အဆုံးသတ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။