အမျိုးသားရောဂါ အမျိုးသမီးရောဂါ များအတွက် အစွမ်းထက် ဗုဒ္ဓသရဏံပင်

Health Knowledge
အမျိုးသားရောဂါ အမျိုးသမီးရောဂါ များအတွက် အစွမ်းထက် ဗုဒ္ဓသရဏံပင်

ဒူလာ၊မီးယပ်၊ပန်းညိုး၊ချွဲကပ်၊ထုံကျဉ်ကိုက်ခဲ၊လိပ်ခေါင်း၊အသားဝါ၊သွေးပုပ်ဆန်ခြင်းမှအစဆီးရောဂါဝမ်းဖောဝမ်းရောင်၊အဖျဉ်းရောဂါများစွာအတွက် သက်စောင့်ဆေး တပါးဖြစ်သည်။

အပွင့်နု အသီးနု ကိုရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။

အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။

ဝက်သား ၊ နွားသားတို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။

အပွင့်ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲသောရောဂါ၊ ပိတ်ဝမ်းရောဂါ တို့အား ပျောက်ကင်းစေရုံမက ဇက်ကြောတက် ရောဂါ၊ အနာရင်းသောကြောင့် နာကျင် ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ်လက်ဆစ် ညောင်းခြင်း၊ ပါးစပ်ချွဲခြင်းစသော ရောဂါများ ပျောက်ကင်းစေသည်။

အမြစ်ကိုပြုတ်ကျို၍ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျားရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ် ရောဂါများ ပျောက်၏။

အမြစ်ကထန်းလျက်နှင့် ပြုတ်ကျို၍ အကြမ်းပန်းကန်တစ်လုံးခန့် နံနက်တိုင်း သောက်ပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင်ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်းတို့ မြန်မကြာ ပျောက်စေသည်။

ဥတက်ကိုဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျာ်း မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညှိုး၊ အသားအရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ၊ ထုံကျင်ကိုက်ခဲခြင်း နှင့် အသားဝါရောဂါ များ ပျောက်ကင်း စေသည်။

ဥပြုတ်ရည် ကို ဒိုပါလာသကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင် ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သားကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံးကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်းဦးရေကျိန်းခြင်း၊ အကြောအခြင်တင်းခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ သွေးပုပ်ဆန်ခြင်း နှင့် ဆီးရောဂါ ဖြစ်ခြင်းများကို ပျောက်ကင်း စေသည်။

Ref:မြန်မာ့ဆေးဝါးပင်များ

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။