သောကအပူမှန်သမျှသြချယူရမယ့်နည်း

Astrology
သောကအပူမှန်သမျှသြချယူရမယ့်နည်း

လူမှန်သမျှ အပူနဲ့ကင်းသူဟူ၍ မရှိပါဘူး ။အပူအမျိုးအမည်သာ ကွာခြားပါမယ် ။
အပူကြီးနဲ့ အပူလေးသာ ကွာခြားရင် ကွာခြားပါမယ် ။
အပူကတော့ အပူပါပဲ ။သားသမီးအပူ၊လင်မယားအပူ။အကြွေးပူ၊၊စားဝတ်နေရေးအပူဘာပူညာပူအမျိုးမျိုး ရှိကြပါတယ် ။

ဟုတ်ပြီ ။ဘာအပူပဲဖြစ်ဖြစ်စိတ်မညစ်စေဖို့ကျွန်တော်တို့ မြန်မာမှုဗေဒင်ပညာရပ်မှာ ဆရာသခင်ကြီးတွေက ဖြေရှင်းပေးခဲ့ကြပါတယ် ။
အောင်မြင်မှုလည်း အလီလီ ရခဲ့တဲ့နည်းပါ ။ ပညာရပ်စကား ၊ ဗေဒင်စကားနဲ့ ပြောရရင် “ကက်ကင်း”နည်းပေါ့ ။(သောက = ကြက်သွန်)

နည်းက မခက်ပါဘူး ။လွယ်လွယ်ကလေးရယ်ပါ ။ဒါပေမယ့် ကြုံတွေ့ရင်ဆိုင်နေရတဲ့ သောကအပူမီးကိုတော့ ငြိမ်းအေးသွားစေတာအမှန်ပဲ ။ တနည်းနည်းနဲ့ ကိုယ်ကြုံတွေ့ ရင်ဆိုင်နေရတဲ့အခက်အခဲ ပြေလည်သွားပါလိမ့်မယ် ။

တစ်ခုတော့ သတိပေးလိုက်ပရစေ ။ ဒီနည်းကိုပြုလုပ်နေစဥ် အတောအတွင်းမှာ အမဲသား ၊ ကျွဲသားနဲ့မူးယစ်သေစာတွေကို ရှောင်ကြဥ်ထားသင့်ပါတယ် ။
နည်းကတော့…
ပထမဆုံး ဖန်ခွက်ဗြောင်ချော အလတ်တစ်လုံးကိုရှာပါ ။
ပြီးရင် အဲဒီဖန်ခွက်ထိပ်ဝနဲ့ ကိုက်ညီမှုအရွယ်ရှိတဲ့ ကြက်သွန်နီဥကြီးတစ်လုံးကို (အမွှေးမျှင်ပါတဲ့ဘက်) အောက်ကထားလို့ ထည့်လိုက်ရပါမယ် ။ကျွံကျ မသွားစေရပါဘူး ။

ထည့်ပြီးပြီဆိုရင် ကြက်သွန်နီဥကြီးရဲ့ထိပ်ဘက် ၊ အပေါ်ဘက်ကနေ အမွေးတိုင်(၂)တိုင်ထိုးစိုက် ထွန်းညှိှပေးပါ ။ ဘုရားကျောင်းဆောင်အောက်နားမှာ ခုံငယ်ကလေးတစ်လုံးချပြီး လုပ်ရင် ပိုလို့အဆင်ပြေပါမယ် ။ လုပ်ရမယ့်အကြိမ်အရေအတွက်က (၉)ရက်ပါ ။ မနက် ၊ ည(၂)ကြိမ်ထွန်းပေးပါ ။

ထွန်းနေစဥ်မှာကိုယ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ သောကအပူငြိမ်းအေးစေဖို့ လေးနက်စွာ ဆုတောင်းရပါမယ် ။ အခက်အခဲအကြီး ၊ အသေးပေါ်မူတည်လို့ (၉)ရက်ထက်လည်း ပိုကြာတတ်တာမို့ မအောင်မမြင်ချင်း နေ့စဥ်လုပ်ပေးပါ ။ တစ်ကြိမ်လုပ်ရင် အကြောင်းအရာ ကိစ္စတစ်ခုထည်းကိုသာ လုပ်ရပါမယ် ။ အကြောင်းကိစ္စမျိုးစုံ တစ်ပြိုင်ထည်း မလုပ်သင့်ပါဘူး ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။