တွယ်ချိတ် (အပ်ချိတ်) ၁၄၀၀၀ နဲ့ ဖန်တီးထားတဲ့ မိုင်လီ ဆိုင်းရပ်စ်ရဲ့ဂရမ်မီပွဲတက်ဝတ်စုံ

Celebrity Local News
တွယ်ချိတ် (အပ်ချိတ်) ၁၄၀၀၀ နဲ့ ဖန်တီးထားတဲ့ မိုင်လီ ဆိုင်းရပ်စ်ရဲ့ဂရမ်မီပွဲတက်ဝတ်စုံ

မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲရဲ့ Red Carpet ပေါ် လျှောက်လမ်းလာခဲ့တဲ့ Flowers သီချင်းအဆိုရှင် မိုင်လီ ဆိုင်းရပ်စ်ရဲ့ဝတ်စုံကို တွယ်ချိတ် (အပ်ချိတ်) တွေနဲ့ ဖန်တီးခဲ့တာပါ။ ဖက်ရှင်ဒီဇိုင်နာဘရာဒလေ ကင်နက်သ်က ဒီဝတ်စုံကို ပြင်သစ်ရှေးဟောင်းပုတီးစေ့တွေအပါအဝင် တွယ်ချိတ်ပေါင်း ၁၄၀၀၀ နဲ့ဖန်တီးခဲ့တာပါ။

ဒီဝတ်စုံကို အနုစိတ်ဖန်တီးရတဲ့အတွက် နာရီပေါင်း ၆၇၅ နာရီ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ဂရမ်မီဆုပေးပွဲမှာ မိုင်လီက ဒီဝတ်စုံအပြင် အခြားစတိုင်မိုက်တဲ့ဝတ်စုံတွေလည်းဝတ်ဆင်ခဲ့ပါတယ်။ Best Pop Solo Performance ဆုကို လက်ခံစဉ် ဝတ်ဆင်ခဲ့တာကတော့ ပြောင်လက်တောက်ပတဲ့ အနက်ရောင်ဝတ်စုံပါ။ အဲ့ဒီနောက် ဖျော်ဖြေတင်ဆက်ဖို့အတွက် ဝတ်ဆင်ခဲ့တာက ဒီဇိုင်နာ ဘော့ဘ် မက်ကီရဲ့အမြင်စူးရှစေတဲ့ဝတ်စုံပါ။

ချောကလက်ရောင် Gucci ဝတ်စုံကိုတော့ Record of the Year ဆု လက်ခံစဉ်မှာ ဝတ်ဆင်ခဲ့ပါတယ်။ ဆုလက်ခံစကားပြောကြားစဉ်အတွင်း အောက်ခံဘောင်းဘီဝတ်ဖို့ မေ့ခဲ့တယ်လို့တောင် စနောက်ခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှ သူ စနောက်ခဲ့တာပါ။ ဝတ်စုံနဲ့လိုက်ဖက်တဲ့ Gucci တံဆိပ် အောက်ခံဘောင်းဘီကို ဝတ်ဆင်ခဲ့ပါတယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ထုတ်ပြောပြခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။