နေ့ခင်းကြောင်တောင်ကြီး လှည်းတန်းမှာ vpn စစ်မယ်ပြောပြီး ဓားထောက်လုယက် ကားပေါ်ဖမ်းတင်သွား

Local News

နေ့ခင်းကြောင်တောင်ကြီး လှည်းတန်းမှာ vpn စစ်မယ်ပြောပြီး ဓားထောက်လုယက် ကားပေါ်ဖမ်းတင်သွား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့ခင်းကြောင်တောင်ကြီး လှည်းတန်းမှာ vpn စစ်မယ်ပြောပြီး ဓားထောက်လုယက် ကားပေါ်ဖမ်းတင်သွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
24.5.202 Tuesday တွင်
ရန်ကင်းမှလှည်းတန်းသို့အလုပ်သွားရာ လှည်းတန်း
YU​ေရှ့မှတ်တိုင်အဆင်း၌
ယောက်ျားလူစိမ်းသုံးယောက်မှအနားကပ်ကာ vpn စစ်မလို့ဖုန်းပေးဟုပြောရာ
ဖုန်းထုတ်ပေးသောအခါ ဓားဖြင့်ထောက်၍
ဖုန်းရော ဖုန်းပေးသောလက်ကိုပါဆွဲ၍ Probox
ကားအဖြူ နံပါတ်အမဲ ပေါ်သို့အတင်းအဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ် ကယ်ကြပါဦးဟုအော်ဟစ်ခဲ့သော်လည်းမည်သူတစ်ဦးတစ်ယောက်မှ
မကူညီရဲဘဲ ကားပေါ်ပါသွားမှသာ ”ဟိုမှာပါသွားပြီ”ဆိုသောအသံများကြားလိုက်ရပါသည်။


ကားပေါ်ရောက်သော် ဖုန်းတောင်းသောလူမဟုတ်ပဲ ကျန်တစ်ယောက်က maskတပ်ထားပြီး စကားတစ်ခွန်းမှမပြောပဲ ဗိုက်ကိုသာဓားနဲ့ထောက်ထားပါသည်။ ဖုန်းတောင်းသောလူက ခနအကြာတွင်ဖုန်းဆက်၍ ငါတို့လာနေပြီဟုပြောပါသည်။
ကားပေါ်တွင်ရှိသော ရနံတစ်ခုကလည်း အလွန်အမင်းခေါင်းမူးစေပြီး ခတ္တသတိမေ့သွားခဲ့ပါသည်။
ပြန်သတိရလာလာချင်း သွှေးညီနံကိုပထမဦးဆုံး သိရှိရခြင်းပါ။ဗိုက်ခွဲ၍သွေးညှီနံရလာတာလားလို့တောင်ထင်မိ၍ သတိထားတော့မှ နှာခေါင်းသွေးလျှံတာ ဖြစ်မှန်းသိရပါသည်။


ထိုအချိန်တွင် သူစိမ်းနှစ်ယောက်မှာ နှာခေါင်းသွေးလျှံ၍ သတိမေ့နေသည်အထင်နဲ့ကိုယ်စီဖုန်းသုံးနေကြပါသည်။မိမိလည်း ဓားနဲ့မထောက်ထားသောကြောင့် သတိမေ့ချင်ယောင်ပဲဆက်ဆောင်နေခဲ့ရာ မိနစ်အနည်းငယ်အကြာတွင် ကားရပ်သွားသောကြောင့် မျက်စိရအောင်ဖွင့်ပြီးကြည့်ရာ သစ်သယ်ယူသောကားများထက်ကြီးသော ကားအကြီးနှစ်ခုကန့်လန့်ဖြစ်နေသဖြင့် လမ်းပြောင်းပြန်ပင်သွားမရပဲခနရပ်နေရပါသည်။အဲ့အချိန်ဓားထောက်ခဲ့သောလူကလည်း ဖုန်းသုံးနေသဖြင့် အမြန်probox၏လော့ခ်ကိုလက်ဖြင့်ဖွင့်၍ တံခါးကိုဒူးဖြင့်ကန်ကာအောက်သို့ပြေးဆင်းပြီး အဲ့အနားတွင် မြင်ရာ တရုတ်စာသင်တန်းကျောင်းကို ပြေးဝင်ခဲ့ပါသည်။အနားမှလူများကရော သင်တန်းကလူများကပါကူညီခဲ့ပါသည်။(ထိုproboxသည်လမ်းကြားတစ်ခုထဲသို့ကွေ့ဝင်သွားခဲ့ပါသည်။)


ထို့​နောက် Taxi သမားတစ်ဦး၏အကူအညီဖြင့် ဝါးတစ်ရာဘက်သို့ရောက်ရှိနေကြောင်းသိရပြီးအိမ်သို့အရောက်ပြန်လာနိုင်ခဲ့ပါတယ် ။အဆိုပါ taxiဦးလေးမှာ အိမ်ကိုလည်းဖုန်းခေါ်ပေး၍ အမေကိုလည်းအိမ်နံပါတ်မေးကာ တစ်လမ်းလုံးနေရာများကိုပြောပြ၍ ဆေးခန်းဝင်မလားပါမေးကာ လွန်စွာကူညီခဲ့တဲ့ ကျေးဇူးရှင်ပါ။
သေကံမရောက်ခဲ့လို့သာမိသားစုနဲ့ပြန်တွေ့ရတာပါ ။
အခုလိုထွက်မပြေးနိုင်ခဲ့တဲ့သူတွေလည်းဘယ်လောက်တောင်ရှိလိမ့်မလဲလို့တွေးပြီးသွားလာနေကြသူများသတိရှိကြပါ
ထီးရှည်ရှည်ဆောင်သွားကြပါဘယ်လူစိမ်းကိုမှအနားအကပ်မခံကြပါနဲ့ Vpn စစ်မယ်ပြောလည်းမယုံကြပါနဲ့
****ဖုန်းစစ်မည်ဟုပြောသောလူမှာ maskမတပ်ထားပါ အသက်၃၅ကနေ၄၀အတွင်းဖြစ်နိုင်ပြီး ဂတုံးဆံပင်ပေါက်ကို ဆံပင်အသစ်များမှာအဖြူရောင်သာဖြစ်ပါသည်။


****proboxကားအဖြူနံပါတ်အမဲရောင်ဖြစ်ပြီး မှန်များမှာ မှန်အမဲမဟုတ်သော်လည်းအဖြူရောင်မဟုတ်ပါ
****မိုးဖြူတွင် Von williebrand blood disorder ရှိသောကြောင့် စိတ်အလွန်အမင်းလှုပ်ရှားရာတွင် နှာခေါင်းသွေးလျှံခြင်းဖြစ်ပါသည်
မနေ့ကစကားတောင်မပြောနိုင်သောကြောင့်ဒီနေ့မှpostတင်ရခြင်းဖြစ်ပါသည် ။အိမ်ပြန်ရောက်သည်အထိ အမြင်နှစ်ထပ်များဖြစ်၍ မျက်နှာများမသဲကွဲပါ ။ဖုန်းဆက်မေးသော သူငယ်တန်းကတည်းက သူငယ်ချင်းကိုပင် မနဲစဥ်းစားယူရပါသည် ။ ကားပေါ်မှအနံများကြောင့် အစားလည်းဒီနေ့မနက်မှ သေချာပြန်စားနိုင်ပါသည်။


ကားတံခါးကိုကန်ခဲ့သည့်အရှိန်ကြောင့်လည်း
ခြေထောက်မှာအခုထိ မလျှောက်နိုင်ပဲ နာနေပါသည်။
ယခုကာလတွင်ယောကျာ်းလေး မိန်းကလေးgenderမခွဲပဲ အားလုံးဂရုစိုက်ကြစေရန်ရည်ရွယ်ချက်ဖြင့်ပြန်ရေးသားခြင်းသားဖြစ်ပါသည် ။ဘယ်သွားသွားထီးအရှည်ဆောင်သွား၍ ဖုန်းမေး ဖုန်းစစ်တာနဲ့ ထိုးသာပြေး၍ တခြားလူတွေဆီပြေးပါ။အတတ်နိုင်ဆုံးဘယ်သွားသွားအုပ်စုလိုက် သို့မဟုတ် အဖော်ခေါ်သွားပါကပိုကောင်းပါသည်။
လှည်းတန်းလိုလူများတဲ့နေရာမှာတောင် မင်းမဲ့စရိုက်တွေ ကျူးလွန်နေကြပြီ


ပြည်သူတွေ သတိထားကြပါ
credit
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။