မြန်မာလအလိုက်ရှောင်ကြဥ်ရမည့်အချက်များ

Astrology
မြန်မာလအလိုက်ရှောင်ကြဥ်ရမည့်အချက်များ

ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာ ဗေဒင်ပညာရှိကြီးတွေကနေ ကျွန်တော်တို့လို နောင်လာနောက်သားတွေအတွက် မြန်မာလအသီးသီးအလိုက်ရှောင်ကြဥ်ရမယ့်အရာတွေကို အခုလို ဖော်ပြရေးသား မှတ်တမ်းတင် ထားခဲ့ကြပါတယ် ခင်ဗျာ ။ အမြင်မတူရင် ကျေးဇူးပြု၍ ကျော်သွားပေးစေလိုပါတယ် ။ ကျွန်တော်ရဲ့ မူပိုင်အယူအဆအတွေးအခေါ် လုံး၀ မဟုတ်ပါဘူး ။ ရှေးဟောင်း ဗေဒင်ပညာရပ်တချို့ မတိမ်ကော မပျောက်ကွယ်စေလိုစိတ်နဲ့ ကျွန်တော့်မိတ်ဆွေတွေကို ဝေမျှပေးလိုက်တာရယ်ပါ ။

ဒါပေမယ့် တစ်ခုတော့ ပြောပရစေ ။
အခု ရှောင်ကြဥ်ရမယ့်အကြောင်းအရာတွေကို လအလိုက် မလိုက်နာပဲ ပြုလုပ်မယ်ဆိုရင် ကျန်းမာရေး အညံ့အခိုက်မျိုးတော့ ကြုံတွေ့ရနိုင်တယ်လို့ ကျွန်တော် ထင်မြင်ယူဆ မိပါတယ် ။ ထင်မြင်ချက်မို့ ထင်မြင်ချက်သာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။

၁။ ကဆုန်လ ၊ နယုန်လတွေမှာ အလွန်မတန် ပင်ပမ်းဆင်းရဲလှတဲ့ အလုပ်မျိုးတွေ မလုပ်သင့်ပါဘူး ။အရမ်းပူပြင်း နေလွန်းလို့ပါ ။ ( အခုလို ခေတ်ကာလအခါမှာတော့ မလုပ်ရင် မစားရဖို့ပဲ ရှိပါလိမ့်မယ် ။ )

၂။ ဝါဆိုလ ၊ ဝါခေါင်လတွေမှာ တောတောင်က ကျလာတဲ့ရေ ၊ ချောင်းရေ ၊ မြောင်းရေ မကျိုမချက်ပဲ မသောက်သင့်ပါဘူး ။ ( ပိုးမွှား တိရိစ္ဆာန် အသေကောင်တွေနဲ့ အမှိုက်သရိုက်အညစ်အကြေးတွေ ပါလာတတ်လေ့ရှိလို့ပါ ။ )

၃။ တော်သလင်းလ ၊ သီတင်းကျွတ်လတွေမှာ ချဥ် ၊ ငန် ၊ စပ် ၊ အပူလွန်ကဲတဲ့ အစားအသောက်မျိုးတွေကို မစားမသောက်ရပါဘူး ။( ပူပြင်းလွန်းလို့ပါ ။)

၄။ တန်ဆောင်မုန်းလ ၊ နတ်တော်လတွေမှာ နေ့ခင်း နေ့လယ် မအိပ်သင့်ပါဘူး ။ (ဆောင်းရာသီမှာ နေ့ဘက် အိပ်စက်ရင် နေမကောင်း ဖြစ်လေ့ရှိလို့ပါ ။)

၅။ ပြာသိုလ ၊ တပိုတွဲလ ၊ တပေါင်းလ ၊ တန်ခူးလတွေမှာ လွန်လွန်ကဲကဲ မအိပ်သင့်ပါဘူး ။ ( နေ့ဘက်မှာ ပူပြင်းပြီး ညဘက်မှာတော့ ချမ်းအေးတတ်သေးတာကြောင့် နေထိုင်မကောင်းဖြစ်တတ်လေ့ရှိလို့ပါ ။ )

ဤကား ရှေးဟောင်း ဗေဒင်ကျမ်း အလိုတည်း ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။