ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

Astrology
ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

၁။ တာဝတိံသာနတ်ပြည်ရှိ နတ်မင်းကြီး၏ မိဖုရားအဖြစ်ကိုရခြင်း ။

၂။ စင်္ကြာမင်း၏ မိဖုရားအဖြစ်ကို ရရှိခြင်း ။

၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရရှိခြင်း ။

၄။ ကြာညိုပန်းအဆင်းနှင့် တူသောအဆင်းရှိသည်ဖြစ်၍ အလွန် အဆင်းလှခြင်း ။

၅။ ကိုယ်အင်္ဂါ အားလုံးနှင့် ပြည့်စုံသည်ဖြစ်၍လွန်စွာ ရှုချင်စဖွယ်ရှိခြင်း ။

၆။ မြတ်သော အမျိုး၌ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း ။

၇။ မောင်းမ တစ်ထောင်တို့၏ အကြီးအမှူးဖြစ်ခြင်း ။

၈။ မရေမတွက်နိုင်သော သင်္ကန်း ၊ ဆွမ်း ၊ ဆေးပစ္စည်း ၊ ကျောင်းအိပ်ရာ ၊ နေရာတို့ကို ရရှိခြင်း ။

၉။ ဆွမ်းလှူခဲ့သည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း ။

၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုးတို့၌သာကျင်လည်ခဲ့ရခြင်း ။

၁၁။ များစွာသော စည်းစိမ်ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း ။

၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်း၍ရဟန္တာဖြစ်ရခြင်း ။

ဓမ္မဒါနပြန်လည်မျှဝေပူဇော်ပါသည် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။