ဘဝတစ်သက်တာ ကြီးပွားအောင်မြင်ချမ်းသာစေမယ့်အရောင်များ

Astrology
ဘဝတစ်သက်တာ ကြီးပွားအောင်မြင်ချမ်းသာစေမယ့်အရောင်များ

အင်္ဂဝိဇ္ဇာပညာအရ
တနင်္ဂနွေသားသမီးတွေကို ခိုက်တာ စနေနံ စနေဂြိုဟ်ပါ…။
စနေနံကို နိုင်တဲ့အရောင်က အဝါ ၊ အစိမ်း ၊ အနီ ဖြစ်ပါတယ် …။
.
အဘမင်းသိင်္ခဟာ တနင်္ဂနွေသားဖြစ်တဲ့အတွက်
သူ့ကိုခိုက်နေတဲ စနေနံ စနေဂြိုဟ်ကို နိုင်တဲ့ ၊ သတ်တဲ့အရောင်ဖြစ်တဲ့
ဝါစိမ်းနီ အရောင်ကို များများအသုံးပြုခဲ့ပါတယ် …။
.
ဗားမဲ့ဆရာတော်ကလည်း ဆွေ (၇) ဆက် ၊ မျိုး (၇) ဆက်ချမ်းသာအောင် ဒုက္ခဆိုတဲ့ စနေဂြိုဟ်ကို နိုင်တဲ့ ၊ သတ်တဲ့အရောင် ဝါစိမ်းနီ အရောင်ကို ဘုရားထုလုပ်ကိုးကွယ်စေခဲ့ပါတယ် …။
.
ကျနော်လည်း တနင်္ဂနွေသားဖြစ်တဲ့အတွက် ဝါစိမ်းနီ အရောင်ကိုပဲ များများအသုံးပြုပါတယ် …။
ဘယ်နေရာပဲဖြစ်ဖြစ် ၊ အရောင်တွေသုံးစရာရှိလာပြီဆိုရင် ဝါစိမ်းနီ အရောင်ကိုပဲ အဓိကထားပြီး အသုံးပြုပါတယ် …။
ဝါစိမ်းနီ ကြက်လျှာတွေလုပ်ပြီး ဓါတ်ခန်းမှာ ချိတ်ထားပါတယ် …။
.
မိတ်ဆွေတို့အနေနဲ့လည်း မိမိတို့နဲ့အကျိုးပေး အောင်မြင်ချမ်းသာမယ့် အရောင်များကို ဉာဏ်ရှိသလို ကောင်းစွာအသုံးပြုနိုင်ပါတယ် …။
ဘုရားစင် ၊ တိုက် ၊ အိမ် ၊ ဆိုင်ခန်း ရုံးခန်းတွေမှာ ဆေးသုတ်လို့ရပါတယ် …။
ဆိုင်းဘုတ် ၊ လိပ်စာကဒ် ၊ ကြော်ငြာ တွေမှာလည်း အသုံးပြုလို့ရပါတယ် …။
ကား အရောင် ရွေးလို့ရပါတယ် …။
ကြက်လျှာအလံလေးတွေလုပ်ပြီး ဘုရားခန်းမှာ ၊ အိမ်မှာ ၊ ဆိုင်မှာ ၊ ရုံးခန်းမှာ ချိန်ဆွဲထားနိုင်ပါတယ် …။
( မြိုင်မြိုင်ဆိုင်ဆိုင် ( ရှုပ်ရှုပ်ပွပွလေး နဲ့ ) လှလည်း လှစေပါတယ် )
.
တခြားနေ့သားများအတွက်လည်း ဖော်ပြပေလိုက်ပါတယ် …။
.
တနင်္လာသားသမီးတွေကို ခိုက်တာ တနင်္ဂနွေနံ တနင်္ဂနွေဂြိုဟ် ဖြစ်ပါတယ် …။
တနင်္ဂနွေကို နိုင်တဲ့အရောင်က – အပြာ ၊ အဖြူ ၊ အဝါ ၊ ငွေရောင်များ ဖြစ်ပါတယ် …။
.
အင်္ဂါသားသမီးတွေကို ခိုက်တာ တနင်္လာနံ တနင်္လာဂြိုဟ် ဖြစ်ပါတယ် …။
တနင်္လာကို နိုင်တဲ့အရောင်က – အပြာ ၊ နီညို ၊ ဖြူနီကြား ၊ အနက် ၊ ညိုမှိုင်းသော အရောင်များ ဖြစ်ပါတယ် …။
.
ဗုဒ္ဓဟူးသားသမီးတွေကို ခိုက်တာ အင်္ဂါနံ အင်္ဂါဂြိုဟ် ဖြစ်ပါတယ် …။
အင်္ဂါကို နိုင်တဲ့အရောင်က – အနီ ၊ အစိမ်း ၊ အနက် ၊ ညိုမှိုင်းသော အရောင်များ ဖြစ်ပါတယ် …။
.
ကြာသပတေးသားသမီးတွေကို ခိုက်တာ ဗုဒ္ဓဟူးနံ ဗုဒ္ဓဟူးဂြိုဟ် ဖြစ်ပါတယ် …။
ဗုဒ္ဓဟူးကို နိုင်တဲ့အရောင်က – အနီ ၊ အဝါ ၊ ရွှေ ၊ အဖြူ ၊ ငွေ ရောင်များ ဖြစ်ပါတယ် …။
.
သောကြာသားသမီးတွေကို ခိုက်တာ ကြာသပတေးနံ ကြာသပတေးဂြိုဟ် ဖြစ်ပါတယ် …။
ကြာသပတေးကို နိုင်တဲ့အရောင်က – နီညို ၊ ဖြူနီကြား ၊ အပြာ ၊ အဖြူ ၊ ငွေ ရောင်များ ဖြစ်ပါတယ် …။
.
စနေသားသမီးတွေကို ခိုက်တာ သောကြာနံ သောကြာဂြိုဟ် ဖြစ်ပါတယ် …။
သောကြာကို နိုင်တဲ့အရောင်က – အစိမ်း ၊ အနက် ၊ ညိုမှိုင်းသောအရောင် ၊ နီညို ၊ ဖြူနီကြား အရောင်များ ဖြစ်ပါတယ် …။
( အိမ်မှာဆိုရင်တော့ အိမ်ထောင်ဦးစီးရဲ့ နေ့နံအတိုင်း အရောင်ရွေးချယ်ပါ )

ရေးသားသူ -မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။