တရုတ်နှစ်သစ်ကူးအတွက် Google Map မှာ ပုလဲကိုင်ဆောင်ထားတဲ့ နဂါးပုံပေါ်အောင် စက်ဘီးစီးအဖွဲ့တစ်ဖွဲ့က ၁၉ နာရီကြာ ၁၅၇ ကီလိုမီတာ စီးနှင်ခဲ့ကြ

International News
တရုတ်နှစ်သစ်ကူးအတွက် Google Map မှာ ပုလဲကိုင်ဆောင်ထားတဲ့ နဂါးပုံပေါ်အောင် စက်ဘီးစီးအဖွဲ့တစ်ဖွဲ့က ၁၉ နာရီကြာ ၁၅၇ ကီလိုမီတာ စီးနှင်ခဲ့ကြ

ဂျီရယ် ကာကတ်စ် ဆိုသူနဲ့ အခြားစက်ဘီးစီးဝါသနာရှင် ၂ ဦးက တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုတဲ့အနေနဲ့ စက်ဘီးစီးနှင်ပြီးတော့ Google Map မှာ နဂါးရုပ်ပုံ ပုံအောင် ဖန်တီးခဲ့ပါတယ်။ သူတို့အဖွဲ့က ဒါကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၇ နာရီကနေ နောက်နေ့ မနက် ၂နာရီအထိ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီအတွက် သူတို့ ၃ ဦးက ပုလဲကိုင်ဆောင်ထားတဲ့ နဂါးတစ်ကောင်ရဲ့ကောက်ကြောင်းကို ခြေရာခံခဲ့ကြတာပါ။ စီးနင်းမှုခြေရာခံတဲ့ Strava အက်ပလီးကေးရှင်းနဲ့ Map မှာ ခြေရာခံခဲ့တာပါ။ ဒီအက်ပလီးကေးရှင်းကိုတော့ GPS ခြေရာခံတဲ့နေရာမှာ အသုံးပြုကြပါတယ်။

ပုံသဏ္ဍာန်နဲ့ စာလုံးတွေကို ခြေရာခံဖို့ Strava ကို အသုံးပြုခြင်းဖြစ်စဉ်ကို Strava Art လို့ လူသိများပါတယ်။ နဂါးပုံပေါ်ဖို့အတွက် အသုံးပြုခဲ့တဲ့နည်းကတော့ သူတို့လိုသလိုရုပ်ပုံရဖို့ အက်ပလီးကေးရှင်းရဲ့ Ride Tracking ကို ရပ်တန့်တာနဲ့ စတင်တာတွေပါဝင်ခဲ့တယ်။ နဂါးပုံပေါ်ဖို့အတွက် တချို့နေရာတွေမှာ ရွံ့တောတဲ့ ပြေးရတာ၊ ရေကူးရတာတွေတောင် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။