ပြဿဒါးနေ့မှာ အရေးကြီးတဲ့ကိစ္စ‌တွေအဆင်ချောစေရန် ယတြာကောင်း

Astrology

ပြဿဒါးနေ့မှာ အရေးကြီးတဲ့ကိစ္စ‌တွေအဆင်ချောစေရန် ယတြာကောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြဿဒါးနေ့မှာ အရေးကြီးတဲ့ကိစ္စ‌တွေအဆင်ချောစေရန် ယတြာကောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြဿဒါးနေ့မှာ အရေးကြီးတဲ့ကိစ္စ‌တွေအဆင်ချောစေရန် ယတြာကောင်း

ပြဿဒါးနေ့မှာ အရေးကြီးတဲ့ကိစ္စ‌ တွေ မဖြစ်မနေလုပ်ကြရတဲ့အခါ အဆိုး အညံ့ အခိုက်အပျက်တွေ ဖြစ်တတ်တယ်လို့ ယုံကြည်သူတစ်ချို့အယူအဆရှိကြပါတယ် ၊
ဥပမာ နေရာရွှေ့ပြောင်းရတာ အလုပ်ပြောင်းရတာ ပစ္စည်းဝယ်တာ စသည်အားဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီးကာမှ ၊ ပြဿဒါးနေ့ဖြစ်နေလို့ဆိုပြီး စိုးတထိတ်ထိတ်ဖြစ်နေရတာမျိုးတွေ လျှော့နည်းပပျောက်စေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်

ငွေကုန်ကြေးကျမရှိ ကိုယ်တိုင်လုပ်ဆောင်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်စေနိုင်တဲ့ နည်လေး လက်ဆင့် ကမ်းလိုက်ပါတယ်

ကိုယ်လုပ်ကိုင်ဆောင်ရွက်မိတဲ့နေ့ဟာ

တနင်္ဂနွေပြဿဒါးဖြစ်ခဲ့ရင်
ထန်း(သို့)ဒါန်း ၁၀/ ညွန့်ကို ဘုရားမှာလှူပြီး”ရဝိဝါရေ တေဇောဓါတု”ဂါထာ(၆)ခေါက် ရွတ်ပါ။

တနင်္လာပြဿဒါးဖြစ်ခဲ့ရင်
အုန်း(၆) ညွန့် လှူပြီး( စန္ဒာဂါရသ္မိံနက္ခမိ)ဂါထာ၁၅/ခေါက်ရွတ်ပါ။

အင်္ဂါပြဿဒါးဖြစ်ခဲ့ရင်
ကံ့ကော်(၁၅) ညွန့် လှူပြီး အင်္ဂါဝါရေစနိဗ္ဗုတာ” ဟု(၈)ခေါက်ရွတ်ပါ။

ဗုဒ္ဓဟူးပြဿဒါးဖြစ်ခဲ့ရင်
ဇီးညွန့် ၈ ညွန့်လှူပြီး “ဗုဒ္ဓဝါရမှီသမ္ဗုဒ္ဓေါ” (၁၇)ခေါက်ရွတ်ပါ။

ကြာသပတေးပြဿဒါးဖြစ်ခဲ့ရင်
ရွက်လှ (၁၇) ညွန့်လှူပြီး “ဩက္ကန္တောဂုရု ဝါရသ္မိံ “၁၉ ခေါက်ရွတ်ပါ။

သောကြာပြဿဒါးဖြစ်ခဲ့ရင်
မေမြို့ (၁၉) ပွင့် လှူပြီး “သောကြာဝါရမှီ ဝိဇာရိ”ဟု(၂၁)ခေါက်ရွတ်။

စနေပြဿဒါးဖြစ်ခဲ့ရင်
သီဟို(၂၁) ညွန့်လှူပြီး “ဘေရီ ဓမ္မစက္ကေ” ဟု(၁၀)ခေါက်ရွတ်ပါ။

ရှေဆရာကြီးတွေ ဉာဏ်ကွန့်မြူးထားတဲ့ နည်းဖြစ်တာကြောင့် မိမိတို့အတွက် အကျိုးမယုတ်စေနိုင်ပါ။
အနည်းဆုံးတော့ စိတ်ထဲ တွယ်ငြိနေသော အနှောက်အယှက်ကိုပြေလျှော့စေပြီး ဒါနခန်းယတြာဖြစ်လို့ ကုသိုလ်လေးတော့ ရနိုင်ပါသေးတယ်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။