အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာ

International News
အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာ

အစ္စရေးတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ယောက်thayဆုံးတဲ့အထဲ ကလေးတွေ ထက်ဝက်ပါဝင်

ဂါဇာတောင်ပိုင်းက ဆေးရုံကြီးတရုံကို သူတို့ရဲ့ အထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

နက်ဆာ ဆေးရုံက သူနာပြု တယောက် အပြောအရ သူတို့ဆေးရုံ တခုလုံး စီးနင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နက်ဆာ ဆေးရုံမှာ အစ္စရေး ဓားစာခံတွေကို ဟားမတ်စ်တို့ ထိန်းသိမ်းထားတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေရလို့ တိကျသေချာတဲ့ စစ်ဆင်ရေး လုပ်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဟားမတ်စ် ပြောခွင့်ရသူကတော့ အစ္စရေး စစ်တပ်ရဲ့ ပြောဆိုချက်က အလိမ်အညာတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အဆိုအရ အစ္စရေး တပ်တွေဟာ ဆေးရုံထဲကို အင်အားသုံး ဝင်ရောက်ကာ လူနာတယောက်နဲ့ ဒဏ်ရာရသူ တော်တော်များများကို thetဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဟစ်ဇဘိုလာ ပစ်မှတ်တွေ ထိမှန်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

နာဘတ်တီရာ့မြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ယောက် thayဆုံးခဲ့ပြီး အဲဒီအထဲ ကလေးထက်ဝက်ပါဝင်တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး နောက်တနေ့မှာ အခုလို အစ္စရေး လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်း ကလည်း အစ္စရေး ဒုံးကျည် ပစ်ခတ်မှုကြောင့် အစ္စရေးမြောက်ပိုင်းက အမျိုးသမီး စစ်သည်တယောက် thayဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

ဟစ်ဇဘိုလာ ထိပ်တန်း အရာရှိ ဟတ်ဆန် ဖာဒဲလာ ရဲ့ အဆိုအရ အစ္စရေးဟာ နာဘက်တီရက် ကို တိုက်ခိုက်ခဲ့တဲ့အတွက် တန်ပြန် လက်စားချေခံရလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။