မူလမဟာဘုတ်နှင့် ပဝတ္တိမဟာဘုတ် နှိုင်းယှဉ်၍ဟောနည်း

Astrology

မူလမဟာဘုတ်နှင့် ပဝတ္တိမဟာဘုတ် နှိုင်းယှဉ်၍ဟောနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မူလမဟာဘုတ်နှင့် ပဝတ္တိမဟာဘုတ် နှိုင်းယှဉ်၍ဟောနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မူလမဟာဘုတ်ဆိုသည်မှာ မိမိမွေးသောခုနှစ်၊ သက္ကရာဇ်ကိုတည်၍
ဖြစ်လာသော မဟာဘုတ်ကို ဆိုလိုသည်။ ပဝတ္တိမဟာဘုတ်ဆိုသည်မှာ
ယခုရောက်ဆဲခုနှစ်၊ သက္ကရာဇ်ကိုတည်၍ ဖြစ်လာသော မဟာဘုတ်ကိုဆိုသည်။

မူလမှာ မူသေမဟာဘုတ်ဖြစ်၍ ပဝတ္တိမှာ တစ်နှစ်တစ်ခါ ပြောင်းလဲနေသော
မဟာဘုတ်ဖြစ်သည်။ အကြင်သူတစ်ယောက်မှာ မိမိ၏ မူလမဟာဘုတ်တိုင်အရ
အထွန်းဖွားဖြစ်နေ၏။ ပဝတ္တိရောက်ဆဲ ကောဇာသက္ကရာဇ်ကိုတည်၍ တွက်ပြန်လျှင်
လည်းထိုသူ၏မွေးနေ့မှာ အထွန်းအိမ်၌ပင် ရှိနေပြန်၏။ ဤလူမျိုးကို မူလနှင့်
ပဝတ္တိမဟာဘုတ်ထပ်သောသူဟု ဆိုရမည်။ ရှင်းလင်းအံ့။

မဟာဘုတ် ခုနစ်အိမ်တွင် မူလအထွန်းနှင့် ပဝတ္တိအထွန်းထပ်လျှင်
အကောင်းဆုံးနှစ်ခုထပ်သောနှစ်ဟု ဆိုရမည်။

အထွန်းပေါ် အထွန်းဆင့်သဖြင့် အလွမ်းမသင့်သေးသော အလုပ်အကိုင်
အကြံအစည်များလည်း မုချအောင်မြင်လာရမည်။ ရာထူးဌာနန္တရများလည်း
မုချတိုးတက်ရမည်။ လူခပ်သိမ်းတို့ ပိုမိုလေးစားလာပြီးလျှင် အကြီးအကဲ
နေရာမျိုး၌ တင်မြှောက်ကြလိမ့်မည်။

ခါတိုင်းနှစ်များထက်ပိုမို၍ တန်ခိုးကြီးလာလိမ့်မည်ဟု အထွန်းနှစ်ခု
ထပ်သော ဇာတာရှင်များကို ဟောစာတမ်းထုတ်သင့်လေသည်။
သိုက်ဖွားတို့မှာလည်း အထွန်းကဲ့သို့ပင် အကောင်းကြီး တစ်မျိုးဖြစ်
၍ မူလသိုက်နှင့် ပဝတ္တိသိုက်ထပ်လျှင် အကောင်းကြီးနှစ်မျိုးထပ်သော
နှစ်ဟု ဆိုရမည်။

သိုက်ပေါ်တွင် သိုက်ဆင့်လိုက်သဖြင့် ထိုက်သင့်သော အလှူဒါနမျိုး
ကြီးကြီးကျယ်ကျယ် ပြုလုပ်ရတတ်၏။ သိုက်ချင်းထပ်သောနှစ်တွင် ကြံ
ရွယ်ထားသော ရာထူးအဆင့်အတန်းများကို ရတတ်၏။

လက်ရှိရာထူးထက် ရာထူးအပိုများကို ထပ်၍ရတတ်၏။ ဒုလ္လဘရဟန်း
မဲရွေးပွဲတွင် ရဟန်းခံရန် မဲပေါက်တတ်၏။ မာနတက်စရာသတင်းမျိုး၊
စိတ်ကြီးဝင်စရာသတင်းမျိုး ကြားရတတ်သည်ဟု ဟောစာတမ်းထုတ်သင့်
လေသည်။

မူလရာဇတံခွန်ထပ်သောနှစ်တွင် ပေးကမ်းမ စမည့်သူများ အိမ်ပေါ်
သို့ တက်လာတတ်၏။ အထက်လူကြီးများ မြှောက်စားတတ်၏။
မိမိဝါသနာထုံသော လက်မှုပညာနှင့်ပတ်သက်၍ အကြံဉာဏ်သစ်များ
ပေးမည့်သူ ပေါ်လာတတ်၏။ လာဘ်လာဘများ ဝင်လာမစဲ ဖြစ်တတ်၏
ဟု ဟောစာတမ်း ထုတ်ရမည်။

မူလပုတိနှင့် ပဝတ္တိပုတ်ထပ်သောနှစ်တွင် အပုပ်အိုနှစ်လုံးနှင့် တွေ့
ကြုံရ၍ ဂုဏ်သတင်းပုပ်ပြီးလျှင် မိတ်ဟောင်းဆွေဟောင်းနှင့် ကွဲရတတ်
၏။ အနည်းငယ်ချစ်ခင်နေသော ဆွေမျိုးသားချင်းပင် အဖက်မလုပ်ချင်၊
မခေါ်ချင်၊ မပြောချင် ဖြစ်တတ်၏။ သားမယားနှင့် သေကွဲမကွဲ ရှင်ကွဲ
ကွဲတတ်၏ဟု ဟောစာတမ်းထုတ်ရမည်။

ဘင်္ဂချင်းထပ်သောနှစ်သော အလုပ်အကိုင် အကြံအစည်များ အကြီး
အကျယ်ပျက်စီးတတ်၏။ အမှုအခင်းများ ဖြစ်ရတတ်၏။ အချုပ်အနှောင်ခံရတတ်၏။ အိုးအိမ်ကို မီးလောင်တတ်၏။ ပစ္စည်းဥစ္စာများ သူခိုးခိုး ဓားပြတိုက်ခံရတတ်၏။
တပည့်လက်သားများနှင့် ကျေးကျွန်များ၊ ကိုယ့်အောက်လူများ တော်လှန်ပုန်ကန်
တတ်သည် ဟု ဟောစာတမ်းထုတ်ရမည်။

မရဏချင်းထပ်လျှင် ထိုနှစ်၌ အသက်အန္တရာယ်ထိခိုက်တတ်၏။ ထပ်
မိမိအတွက်ကြောင့် သက်ဆိုင်သူများ ပူပင်သောကရောက်တတ်၏။
အနှောင် အဖွဲ့များလည်း ခံရတတ်၏အနာရောဂါများ ကောက်ရသလိုဖြစ်
လာတတ်၏။ မဟာဘုတ်တိုင်တွင်တွင် မရဏသည် အညံ့ဆုံးဖြစ်၍
အဆိုးဝါးဆုံးသော ဘေးဒုက္ခ ကြုံရတတ်၏ဟု ဟောစာတမ်းထုတ်ရမည်။

ဘင်္ဂ၊ ပုတိ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ တစ်ခုခုထပ်
လျှင် ထိုဇာတာရှင်မှာ ခါတိုင်းနှစ်များထက် ကောင်းတတ်၏။ အထွန်း၊
သိုက်၊ ရာဇ၊ အဓိပတိ၊ ဘင်္ဂ၊ ပုတိ၊ မရဏ တစ်ခုခုထပ်လျှင် ခါတိုင်းနှစ်
များထက် အနည်းငယ် ညံ့တတ်သည်။ မူလမဟာဘုတ်အဟောများကို
ကြည့်၍ အကောင်းအဆိုး ဝေဖန် ဟောကြပါလေ။

ရေးသားသူ – စလေဆရာဦးကံမင်း ဗေဒင်အလင်းပြမှ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။