အစ္စရေးရဲ့ လူမျိုးခွဲခြားမှု တောင်အာဖရိက အိုင်စီဂျေမှာ စွပ်စွဲ

International News
အစ္စရေးရဲ့ လူမျိုးခွဲခြားမှု တောင်အာဖရိက အိုင်စီဂျေမှာ စွပ်စွဲ

အိုင်စီဂျေရောက် တောင်အာဖရိက သံအမတ်

အစ္စရေးဟာ ပါလက်စတိုင်းနယ်မြေတွေမှာ လူမျိုးခွဲခြားရေးဝါဒ အပြင်းစားကို ကျင့်သုံးနေပြီး တောင်အာဖရိကမှာ ဖြစ်ခဲ့တာတွေထက် ဆိုးကြောင်း နယ်သာလန်နိုင်ငံ ဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက သည်ဟိဂ်မြို့က ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးမှာ ပြောကြားလိုက်ပါတယ်။

အစ္စရေးဟာ နှစ်နိုင်ငံ ခွဲပစ်တဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို မပေါ်ပေါက်အောင် လူမျိုးခွဲ မူဝါဒ အတင်းအကျပ် ကျင့်သုံးပြီး တားဆီးတယ်လို့လည်း တောင်အာဖရိက သံအမတ် ဗူစီ မက်ဒွန်ဆယ်လာက စွပ်စွဲခဲ့ပါတယ်။

အစ္စရေးရဲ့ ပါလက်စတိုင်းနယ်မြေတွေ သိမ်းပိုက်ထားမှုရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီး အိုင်စီဂျေ နိုင်ငံတကာ တရားရုံးမှာ ထွက်ပြောကြသူတွေထဲ တောင်အာဖရိကနဲ့ နယ်သာလန် ပါပါတယ်။

တနင်္လာနေ့ကလည်း ဒီသိမ်းပိုက်မှုကို တရားမဝင်ကြောင်း ကြေညာဖို့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြပါတယ်။

တရားရုံးရဲ့ အကြံပြုချက်ကနေ နှစ်နိုင်ငံ ခွဲပေးတဲ့ ဖြေရှင်းမှုနဲ့ ရေရှည်ခံ ငြိမ်းချမ်းရေး ပေါ်ထွန်းလာစေနိုင်တယ်လို့လည်း ဆိုပါတယ်။

တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို အစ္စရေးက အသိအမှတ် မပြုပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။