“ကံမြင့်ကံဆင့်လာဘ်ပွင့်ယတြာ”

Astrology
“ကံမြင့်ကံဆင့်လာဘ်ပွင့်ယတြာ”

မိမိ ရောက်ဆဲ အသက်ကိုတည် (၇)ဖြင့် ÷ ပါ ။ အကြွင်းလိုက် ယတြာချေပါ ။

(၁)ကြွင်းခဲ့ပါက လူသွားလမ်းကို အုတ်ခဲ(၆)ခဲခင်းပါ ။ ဝက်များကို အစာကျွေးပါ ။ ရှောက်ယို ၊ ဆီမီး/ဖယောင်းတိုင် ၊ ရေချမ်း ၊ ယပ်တောင်တို့ကိုမိမိမွေးနံထောင့်ဘုရားမှာ ကပ်လှူဆုတောင်းပါ ။

(၂)ကြွင်းခဲ့ပါက ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်ပါ ။ မျောက်များကို အစာကျွေးပါ ။ ပဲဆွမ်း ၊ ရေချမ်း ၊ ယပ်တောင် ၊ ဆီမီး/ဖယောင်းတိုင်များကို မိမိမွေးနံထောင့်ဘုရားမှာ ကပ်လှူဆုတောင်းပါ ။

(၃)ကြွင်းခဲ့ပါက ဘုန်းကြီးကုဋီသန့်ရှင်းရေး လုပ်ပါ ။ ကျန်းမာရေးမကောင်းသော သောကြာသားသမီးများကို သစ်သီးလှူပါ ။ သီးစုံဆွမ်း ၊ ရေချမ်း ၊ ယပ်တောင် ၊ အလင်းတိုင်များကို မွေးနံထောင့်ဘုရားမှာ ကပ်လှူ ဆုတောင်းပါ ။

(၄)ကြွင်းခဲ့ပါက ကိုယ်လတ်အင်္ဂါချို့ယွင်းသူကို ဒါနပြုပါ ။ နွားများကို အစာကျွေးပါ ။ နို့ထမင်း ၊ ရေချမ်း ၊ ယပ်တောင် ၊ အလင်းတိုင်များကို မိမိမွေးနံထောင့်ဘုရားမှာ ကပ်လှူ ဆုတောင်းပါ ။

(၅)ကြွင်းခဲ့ပါက မိမိမိတ်ဆွေ၏ ကံမကောင်းသော အိမ်တွင်းရေးရင်ဖွင့်သံများကို နားထောင်ပေးလိုက်ပါ ။ မိမိအိမ်တွင်းကို သန့်ရှင်းရေး လုပ်ပါ ။ အုန်းဆွမ်း ၊ ရေချမ်း ၊ ယပ်တောင် ၊ အလင်းတိုင်များကို မိမိမွေးနံထောင့်ဘုရားမှာ ကပ်လှူဆုတောင်းပါ ။

(၆)ကြွင်းခဲ့ပါက မိမိ၏ ကြီးဒေါ် ကြီးအားငွေကြေး(၆၀၀)ကျပ် ဒါနပြုပါ ။ ခွေးများကိုအစာကျွေးပါ ။ ကြံသကာဆွမ်း ၊ ရေချမ်း ၊ ယပ်တောင် ၊ အလင်းတိုင်များကို မိမိမွေးနံထောင့်ဘုရားမှာ ကပ်လှူ ဆုတောင်းပါ ။

(၀)ကြွင်းခဲ့ပါက စိတ်မကျန်းမာသူကို ဒါနပြုပါ ။ ဆရာသမားတစ်ဦးဦးကို ထီးလက်ဆောင် ပေးလိုက်ပါ ။ ဆီထမင်း ၊ ရေချမ်း ၊ ယပ်တောင် ၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူဆုတောင်းပါ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။