ရေခဲသေတ္တာထဲထည့်ဖို့ ရှောင်ကြဉ်သင့်တဲ့အစားအစာ ၁၀ မျိုး

Knowledge
ရေခဲသေတ္တာထဲထည့်ဖို့ ရှောင်ကြဉ်သင့်တဲ့အစားအစာ ၁၀ မျိုး

အစားအသောက်တွေ အိမ်ကိုယူလာပြီဆိုရင် ပျက်စီးသွားနိုင်တဲ့ အစားအသောက်တွေအားလုံးကို ရေခဲသေတ္တာထဲထည့်ထားဖို့ သင့်ခေါင်းထဲကို ပထမဆုံးဝင်လာတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါပဲ။အစားအစာတွေ ကြာရှည်ခံဖို့ ကျွန်မတို့ရဲ့ရေခဲသေတ္တာထဲကို တစ်ခါတစ်လေ စုပုံထည့်ထားမိတတ်ပါတယ်။ ဒီလိုအလေ့အထက အစားအစာတွေရဲ့ အပေါ်ယံနဲ့ အရည်အသွေးတွေကို ထိခိုက်နိုင်ပါတယ်။

၁။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွေဟာ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတဲ့အခါ သူတို့ရဲ့အရသာနဲ့ ဖွဲ့စည်းပုံတွေ ဆုံးရှုံးသွားတတ်ပါတယ်။ နူးညံ့ပြီးစိုစွတ်လာပါတယ်။ ခရမ်းချဉ်သီးကို မြန်မြန်မှည့်ချင်တယ်ဆိုရင် ရေခဲသေတ္တာအပြင်ကို ထုတ်ပြီး စက္ကူအိတ် ဒါမှမဟုတ် ပလတ်စတစ်အိတ်နဲ့ ထားပါ။

၂။ အသားထူပြီးပျော့ဖတ်တဲ့အသီးများ
အေးတာဟာ ဒီအသီးတွေရဲ့အရည်အသွေးနဲ့ အရသာကို ထိခိုက်နိုင်ပါတယ်။ မက်မွန်သီး၊ ချယ်ရီသီးနဲ့ ဇီးသီးလိုမျိုး အသီးတွေဟာ အခန်းအပူချိန်မှာ မှည့်နိုင်ပါတယ်။ စက္ကူအိတ်နဲ့ထုတ်ကာ အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားပါ။

၃။ ကြက်သွန်နီ
ကြက်သွန်နီတွေကို ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင် ရေခဲသေတ္တာရဲ့အစိုဓာတ်ဟာ ကြက်သွန်နီကို နူးညံ့စေပြီး မှိုစွဲစေမှာဖြစ်ပါတယ်။

၄။ ဆီ
ရေခဲသေတ္တာထဲမှာထားရင် ဆီတွေဟာ ထူပြီးခဲလာမှာ ဖြစ်ပါတယ်။ အခွံမာသီးကို အခြေခံထားတဲ့ဆီကိုသာ ရေခဲသေတ္တာထဲ ထည့်ထားနိုင်မှာ ဖြစ်ပါတယ်။၅။ ဆော့စ်ဗီနီကာတွေနဲ့ တာရှည်ခံပစ္စည်းတွေကြောင့် သုံးနှစ်လောက်အထားခံမှာ ဖြစ်ပါတယ်။

၆။ ပူစီနံရွက်
လတ်ဆတ်တဲ့ပူစီနံရွက်ကို ရေခဲသေတ္တာထဲထားလိုက်ရင် နဂိုအရသာတွေ ပျက်စီးကုန်မှာ ဖြစ်ပါတယ်။ အရွက်တွေ ညှိုးပြီး ခြောက်ကုန်မှာ ဖြစ်ပါတယ်။

၇။ ကြက်သွန်ဖြူ
သင်ဟာ ကြက်သွန်ဖြူတွေကို ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင် ကြက်သွန်ဖြူရဲ့အရသာကို လျော့ကျစေပြီးတော့ ကြာရှည်ခံမှာ မဟုတ်ပါဘူး။

၈။ ပျားရည်
အအေးဓာတ်ဟာ ပျားရည်ကို ပျက်စီးစေပြီး အခဲလေးတွေ ဖြစ်စေပါတယ်။ လေလုံတဲ့ ထည့်စရာတစ်ခုထဲမှာ ထည့်ထားပါ။

၉။ ပေါင်မုန့်
ပေါင်မုန့်ကို ရေခဲသေတ္တာထဲထည့်ထားတာဟာ အလျင်အမြန်ခြောက်သွားစေပါတယ်။ လေးရက်အတွင်း စားမဲ့ပေါင်မုန့်ကို အခန်းအပူချိန်မှာထားသင့်ပါတယ်။ ကြောင်အိမ်ထဲမှာ ဒါမှမဟုတ် ပေါင်မုန့်ဘူးထဲမှာ သိမ်းထားပါ။

၁၀။ အာလူး
အာလူးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့အခါ အာလူးမှာပါတဲ့ ကစီဓာတ်ဟာ ပြိုကွဲပြီး အာလူးရဲ့အရသာကို ပျက်စီးစေပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့စက္ကူအိတ်ထဲမှာ သိမ်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။