‘ကုထုံးမဲ့ ချစ်ခြင်း’ ဇာတ်လမ်းတွဲထဲကဇာတ်ကောင်ကြောင့် လင်ချစ်စံလို့ခေါ်ခံနေရတယ်ဆိုတဲ့ ရတနာဗိုလ်

Celebrity Local News
‘ကုထုံးမဲ့ ချစ်ခြင်း’ ဇာတ်လမ်းတွဲထဲကဇာတ်ကောင်ကြောင့် လင်ချစ်စံလို့ခေါ်ခံနေရတယ်ဆိုတဲ့ ရတနာဗိုလ်

မင်းသမီး ရတနာဗိုလ်ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် နာမည်ကြီးသရုပ်ဆောင်တယောက်ဖြစ်ပါတယ်။ ပြည့်စုံတဲ့ အလှအပတွေကို ပိုင်ဆိုင်ထားရုံသာမက သရုပ်ဆောင်စွမ်းရည်မှာလည်း တမူထူးခြားပြီး ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုတွေ ရရှိထားသူဖြစ်ပါတယ်။

ရတနာဗိုလ်က ဇာတ်လမ်းတွဲတွေရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုပ်ရှင်ပရိတ်သတ်တွေကြား နာမည်ကြီးသွားခဲ့တဲ့ အိမ်ထောင် ဇာတ်လမ်းတွဲမှာလည်း သူချစ်ခင် ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ရင်း သူမရဲ့ ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပိုမိုနာမည်ကြီး ရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ကုထုံးမဲ့ချစ်ခြင်း” ဆိုတဲ့ ဇာတ်လမ်းတွဲက သူမရဲ့ ဇာတ်ကောင်အကြောင်း ပရိသတ်ကြီးကိုပြောပြခဲ့တာဖြစ်ပါတယ်။”‘ကုထုံးမဲ့ ချစ်ခြင်း’ ထဲမှာ ရိုက်နှက်ခံပြီး ယောကျာ်းကို ချစ်လို့ ဆိုပြီး လင်ချစ်စံ လို့ ခေါ်ကုန်ကြတယ်။ သူချစ်ခင် ဝဋ်လည်နေပြီလို့လည်း ပြောကြတယ်။ အပြင်မှာတော့ လင်ထိပ်ထားစံ ပါ’ “လို့ ပြောပြလာတာပဲဖြစ်ပါတယ်။

https://fb.watch/qp9oRObvQa/

ရေးသားသူ –Myanmar Celebrity

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။