၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှ မတ်လ ၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှ မတ်လ ၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တိုသည် စိုးရိမ်မှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် လက်ရှိ အရှိန်အဟုန်ကို ထိန်းထားပါ။ အားထုတ်မှု အနည်းငယ်ဖြင့် အမြတ်အစွန်းကောင်းများ ရရှိနိုင်ပါမယ်။ ငွေကြေးများကို အတိုင်းအတာ တစ်ခု အထိ စုဆောင်းနိုင်ပါမယ်။

သိုသော် ဤကာလအတွင်း စိတ်အဆင်‌မပြေမှုကြောင့် မိသားစု ဘဝတွင် အတိုက်အခံများ ဖြစ်ပေါ်နိုင်ပါမယ်။ စိတ်အလိုလိုက်တာ ဒေါသတကြီး ပြုမူခြင်းများ မပြုလုပ်ပါနှင့်။ ဒါကြောင့် မည်သည့် အရာကိုမျှ မတုံပြန်ခင် သေချာ စဉ်းစားပါ။

ပြိဿရာသီခွင် – Taurus ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကိုယ်ခံအား ကောင်းမွန်ကာ နာတာရှည် ရောဂါများမှ သက်သာရာ ရရှိစေပါမယ်။ စိတ်ရွှင်လန်းချမ်းမြေ့ကာ အေးချမ်းမှုများ ရှိနေပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ သတိထားပေးရမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ မိမိ၏ ယုံကြည်မှုအပေါ် အခွင့်ကောင်းယူကာ အလွှသုံးစား ပြုလုပ်ခြင်း ခံရနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် မည်သည့်လူကိုမျှ မျက်စိမှိတ် ယုံကြည်ခြင်းမှ ရှောင်ကြဉ်ပါ။ အသုံးစရိတ်များကို ထိန်းချုပ်ပေးပါ။

ဤကာလအတွင်း မိသားစု ၊ အပေါင်းသင်းများနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါမယ်။ ခရီးတိုများ သွားလာရာတွင်လည်း လိုက်ပါရန် စီစဉ်နိုင်ပါမယ်။ သိုသော် ယာဉ်မောင်းနှင်ရာတွင် ဂရုစိုက်ပေးပါ။

မေထုန်ရာသီခွင် – Gemini ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို၏ ကျန်းမာရေးသည် ပုံမှန်ထက် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ အထူးသဖြင့် အစပ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေကြေးအားဖြင့် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ကြိုးစား အားထုတ်မှု၏ အသီးအပွင့်ကို ရရှိ ခံစားနိုင်ပါမယ်။ သိုသော် ယာဉ်မောင်းနှင်ရာတွင် ဂရုစိုက်ပေးပါ။ အပျက်အစီး တစ်ခုခုကြောင့် ငွေကြေး အချို သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း မိသားစု ဘဝတွင် အပြန်အလှန် ပံပိုးကူညီမှုနှင့် အတူ နွေးထွေးမှု ရရှိအောင် ကြိုးစားပေးပါ။ အခြားသူများ၏ အတွေးအမြင်တိုကိုပါ အလေးထားတတ်ရန် သင်ယူပေးရပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( February 26 to March 3 )
===============================================

ယခုအပတ်တွင် ကျန်းမာရေးအရ ပုံမှန် အနေအထားတွင် ရှိနေပါမယ်။ သိုသော် စိတ်ဖိစီးမှုတိုကြောင့် ကျန်းမာရေး အတက်အကျများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ စိတ်ကို တည်ငြိမ်စေရန် အလုံအလောက် အနားယူပေးပါ။

ငွေရေးကြေးရေးအရ အနည်းငယ် ခက်ခဲနေနိုင်သောကြောင့် အလုပ်အချိုသည် ရက်သတ္တပတ် အလယ်တွင် ရပ်တန့်သွားနိုင်ပါမယ်။ ဒါ့ကြောင့် ဖြစ်နိုင်ပါက ဘဏ် သိုမဟုတ် နီးစပ်သူ တစ်ဦးဦးထံမှ ငွေကြေး အကူအညီကို ရယူကာ အပြီးသတ်ပေးပါ။

ဤကာလအတွင်း မိသားစု ပြဿနာအချိုကြောင့် အာရုံစူးစိုက်မှုကို ပျက်ပြားနေနိုင်ပါမယ်။ ပြဿနာများကို တွေးတောကာ စိတ်ဓာတ်ကျခြင်းထက် ဘဝသင်ခန်းစာကို ကြိုးစားသင်ယူခြင်းက ပိုမို အကျိုး ရှိစေပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( February 26 to March 3 )
===============================================

ယခုအပတ်တွင် ကျန်းမာရေး ရှုထောင့်အရ ကျေနပ်စရာ ကောင်းပီး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါမယ်။ ဒါ့အပြင် အသက်ကြီးသော Leo ရာသီခွင်များ အနေနနှင့်လည်း ဒူး၊ လက်နှင့် ပက်သက်သော ပြဿနာများကို ဖယ်ရှားနိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံလတိုကြောင့် ငွေကြေး အကျိုးအမြတ် ရရှိနိုင်ပါမယ်။ ငွေကြေး အခွင့်အလမ်းများကို မြင်တွေ့နိုငိပါမယ်။ ငွေကြေး ရင်းနှီးမြုပ်နှံလိုပါက အစီအစဉ်ကောင်းများ ရေးဆွဲပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းထားနိုင်ပါမယ်။ မိသားစုရေးရာ ကိစ္စရပ်များ ဦးစီး လုပ်ဆောင်ရတတ်ပါတယ်။ ဒါ့အပြင် ဆွေမျိုးဆီ လည်ပတ်ရန် သိုမဟုတ် တစ်နေရာရာသို ပျော်ပွဲစား ထွက်ရန် စီစဉ်နိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တိုသည် ကျန်းမာရေးနှင့် ပက်သက်၍ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ ကျန်းမာရေး ပြဿနာများ ပြေပျောက်ကာ ကောင်းမွန်စွာ နေထိုင်နိုင်ပါမယ်။

ငွေရေးကြေးရေးအရ စီးပွားရေး ကဏ္ဍရပ်များတွင် ကောင်းမွန်နေပါမယ်။ အမြတ်အစွန်းများစွာ ရရှိရန် အခွင့်အလမ်းများ ရရှိနိုင်သလို ဘဏ္ဍာရေး အခြေအနေကိုလည်း အတိုင်းအတာ တစ်ခုအထိ ခိုင်မာစေပါမယ်။ ဒါကြောင့် အစီအစဉ်များ ရေးဆွဲကာ အခွင့်အလမ်းများကို အသုံးချပေးပါ။ သိုမှသာ အနာဂတ်တွင် ငွေကြေး ပြဿနာများ ရှိလာပါက ရင်ဆိုင်ရန် အဆင်သင့်‌ ဖြစ်နေပါလိမ့်မယ်။

ဤကာလအတွင်း မိသားစု ဘဝတွင် ဖိစီးမှုများ ရှိနေသောကြောင့် ကောင်းမွန်စွာ အာရုံစူးစိုက်နိင်မည် မဟုတ်ပေ။ ကြုံတွေ့နေရသော အခက်အခဲများကို ငြီးငွေ့ခြင်း၊ စိတ်ဓာတ်ကျခြင်းထက် ဘဝ သင်ခန်းစာကို ကြိုးစား သင်ယူခြင်းက ပိုမို ကောင်းမွန်စေပါမယ်။

တူရာသီခွင် – Libra ( February 26 to March 3 )
===============================================

ယခုအပတ်မှာတော့ Libra ရာသီခွင်များ အနေနှင့် အစားအသောက်ပိုင်းကို ဂရုစိုက်ပေး ရပါမယ်။ အစာမကြေခြင်း စသော ဝေဒနာများ ခံစား ရနိုင်ပါမယ်။ အထူးသဖြင့် ကယ်လိုရီများသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေကြေးအားဖြင့် အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုမှ အကျိုးကျေး‌ဇူး ရရှိနိုင်မယ့် အလားအလာများ ရှိနေပါတယ်။ ဒါ့အပြင် မိမိ ဆန္ဒရှိသော ပစ္စည်းဥစ္စာသစ်များ ဝယ်ယူနိုင်ပါမယ်။ သိုသော် အသုံးမဝင်သော သုံးစွဲမှု မဖြစ်လေအောင် ဂရုစိုက်ပါ။ ဤကာလအတွင်း

မိသားစုဘဝတွင် အပြန်အလှန် ကူညီမှုတိုဖြင့် ဖြတ်သန်းရပါမယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများနှင့် အပြောအဆို ပြေပစ်အောင် ကြိုးစားပေးပါ။ မဟုတ်ပါက မိသားစုအတွင်း ငြိမ်းချမ်းမှုကို ထိခိုက်စေကာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို တိုးလာစေပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်များ အနေနဲ ကျန်ကျန်းမာမာ နေထိုင်နိုင်ပါမယ်။ သိုသော် မူးယစ်ဆေးဝါး သုံးစွဲတတ်သည့် အလေ့အကျင့်ကို ပယ်ဖျောက်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အခွင့်အလမ်းများ ရှိနေသော်လည်း ရရှိလာသော ငွေကြေးသည် လက်ထဲတွင် မတည်မြဲနိုင်ပေ။ အမြဲမြဲလိုလို အကြောင်းကိစ္စ တစ်ခုခုကြောင့် သုံးစွဲရတတ်ပါတယ်ာ ဒါကြောင့် တတ်နိုင်သမျှ ချွေတာ သုံးစွဲပေးပါ။

အကယ်၍ ယခင်အချိန်က Scorpio ရာသီခွင်တို၏ မိသားစု ဘဝတွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ပါက ယခုအပတ်တွင် ပြန်လည် ဖယ်ရှားနိုင်ပါလိမ့်မယ်။ ကောင်းမွန်သော နားလည်မှုတိုဖြင့် ရှေ့သို လျှောက်လှမ်းနိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( February 26 to March 3 )
===============================================

ယခုအပတ်တွင် ကျန်းမာရေး အရ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ ယခင် ခံစားနေရသော ‌အသေးအဖွဲ ပြဿနာများကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်ပါမယ်။

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

မကာရရာသီခွင် – Capricorn ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တိုသည် အလုပ်ချိနှ်နှင့် အနားယူချိန်ကြား မျှတမှုရှိအောင် ကြိုးစားပေးရပါမယ်။ ကံတရားသည် ကောင်းမွန်သော‌ အနေအထားတွင် ရှိနေသောကြောင့် ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ တည်ငြိမ်ပြီး တက်ကြွနေပါလိမ့်မယ်။ ဒါ့အပြင် စားသောက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ယခုအပတ်တွင် ငွေကြေး အကုန်အကျ များနေပါမယ်။ အထူးသဖြင့် မိသားစု၏ ကျန်းမာရေးအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း အိမ်နှင့် ဝေးကွာနေကြသော Capricorn ရာသီခွင်တိုသည် အထီးကျန်မှုကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်တည်း အထီးကျန်မှုနှင့်သာ ပိတ်လှောင်မနေဘဲ သူငယ်ချင်း၊ အပေါင်းအသင်းတိုနှင့် အချိန်ကုန်ဆုံးပါ။

ကုမ်ရာသီခွင် – Aquarius ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တိုသည် ကျန်းမာရေး ကောင်းမွန်ပေမယ့်လို စိတ်ပိုင်းဆိုင်ရာအရ အားနည်း နေနိုင်ပါမယ်။ အထူးသဖြင့် စိတ်လှုပ်ရှားကာ မသေချာ မရေရာမှုတွေ ခံစားရတတ်ပါတယ်။

ဤကာလအတွင်း ငွေကြေးအားဖြင့် ကံတရား၏ အားပေး ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ မိမိကြိုးစားအားထုတ်သလောက် အကျိုးဖြစ်ထွန်းမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အထောက်အပံ့များ ရရှိနိုင်ပါတယ်။

မိမိတတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပါ။ မိသားစုဝင်များထံမှ အကြံဉာဏ်များကိုလည်း ရယူနိုင်ပါတယ်။ မိတ်ဆွေ၊ အပေါင်းအသင်းသစ်များ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

မိန်ရာသီခွင် – Pisces ( February 26 to March 3 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်များ အနေနှင့် ကျန်းမာရေးကို တိုးတက်အောင် ကြိုးစားရပါမယ်။ နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီး အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးရန် အကြံပြုလိုပါတယ်။

ငွေရေးကြေးရေး အရ ကံတရားသည် အားနည်းနေတတ်ပါတယ်။ ငွေကြေး အကျပ်အတည်းများကြောင့် စိတ်ဖိစီးနေရနိုင်ပါမယ်။ ဒါကြောင့် ယုံကြည်သူများထံမှ အကြံဉာဏ်များ၊ ငွေကြေး အကူအညီကို ‌ရှာဖွေ သင့်ပါတယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်များနှင့်သာ အချိန်ကုန်ဆုံးရတတ်ပါတယ်။ ဒါ့အပြင် ငွေကြေး အချိုကိုလည်း သုံးစွဲရနိုင်ခြေ ရှိနေပါတယ်။ တစ်ဦးတစ်ယောက်ထက် မိသားစုဝင်များနှင့် အတူ လုပ်ဆောင်ပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။