❝ ဆွမ်းမြတ် မင်္ဂလာ ကပ်လှူစရာ ❞

Astrology
❝ ဆွမ်းမြတ် မင်္ဂလာ ကပ်လှူစရာ ❞

မြတ်ဘုရားကို ဆွမ်းကပ်ရင်း မင်္ဂလာသုခ ချမ်းသာ ကောင်းကျိုး အဖြာဖြာ ပြည့်စုံကာ ကုံလုံ ကြွယ်ဝစေရန် အောက်ပါ သီးနှံများ ကပ်လှူ ပူဇော်ပေးပါ ခင်ဗျာ ။
( ၁ ) သင်္ဘောသီး ၊
( ၂ ) မာလကာသီး ၊
( ၃ ) လိမ္မော်သီး ၊
( ၄ ) ရခိုင်ငှက်ပျောသီး ၊
( ၅ ) ရွှေငှက်ပျောသီး ၊
( ၆ ) သီးမွှေး ၊
( ၇ ) အုန်းသီး ၊
( ၈ ) ပန်းသီး ၊
( ၉ ) သစ်တော်သီး ၊
( ၁ဝ ) ကျွဲကောသီး ၊
( ၁၁ ) သံပုရာသီး ၊
( ၁၂ ) ကတ်တီပါသီး

အထက်ပါ သီးနှံများကို အနန္တော အနန္တ ငါးပါး ကို ကပ်လှူပူဇော် လှူဒါန်းခြင်း ၊ မယ်တော် ၊ ဘိုးတော် ၊ အဘ ၊ နတ် ၊ ဝိဇ္ဇာ … စသဖြင့် တို့ကို ပွဲကပ်လှူဒါန်းခြင်းများ ပြုပါက မင်္ဂလာ သုခချမ်းသာ ကောင်းကျိုး အဖြာဖြာ အတိ ပြည့်စုံကာ ကုံလုံ ကြွယ်ဝ စေတယ် ဟု လောကီပညာ က ဆိုပါတယ် ။

မလှူဒါန်း အပ်သော သီးနှံများ
( ၁ ) ဖီးကြမ်းငှက်ပျောသီး ၊
( ၂ ) စပ်စ္သီး ၊
( ၃ ) ကနစိုသီး ၊
( ၄ ) ဩဇာသီး ၊
( ၅ ) ဒူးရင်းသီး ၊
( ၆ ) ရဲယိုသီး ၊
( ၇ ) ပေသီး

အထက်ပါ သီးနှံများကို အနန္တောအနန္တ ငါးပါး ကို ကပ်လှူ ပူဇော်လှူဒါန်းခြင်း ၊ မယ်တော် ၊ ဘိုးတော် ၊ အဘ ၊ နတ် ၊ ဝိဇ္ဇာ စသဖြင့် တို့ကို ပွဲကပ် လှူဒါန်းခြင်းများ ပြုပါက ….လာဘ်လာဘ ခမ်းခြောက်ခြင်း ၊ အိမ်းတွင်းရေးနှင့် လုပ်ငန်းခွင်အတွင်း၌ ဆူဆူပူပူ ဖြစ်လာစေခြင်း ၊ ကျန်းမာရေး ချူချာလာတတ်ခြင်း ၊ ငုတ်နေသော ဝေဒနာများ ပြန်လည် ပေါ်ထွက်လာခြင်း ၊ မိမိ၏ စိတ်ကော ကိုယ်ပါ ငြိမ်းချမ်းမူ မရစေခြင်း ၊ မိမိ၏ တိမ်မြုပ်နေသော အကြောင်းခြင်းရာများအတွက် ပြန်လည် ဖြေရှင်းနေရခြင်း … စသည်တို့ ဖြစ်ပေါ် စေတယ်လို့ လောကီပညာက ဆိုပါတယ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။