ဖေဖော်ဝါရီလတစ်လအတွင်း ထိုင်းဘက်တရားမဝင်ခိုးဝင်သူ မြန်မာနိုင်ငံသား(၄၀၀)ဝန်းကျင်ဖမ်းဆီးခံရ

Local News
ဖေဖော်ဝါရီလတစ်လအတွင်း ထိုင်းဘက်တရားမဝင်ခိုးဝင်သူ မြန်မာနိုင်ငံသား(၄၀၀)ဝန်းကျင်ဖမ်းဆီးခံရ

တာ့ခ်ခရိုင်မှာ ၂၀၂၄ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

ထိုင်း-မြန်မာ နယ်စပ်တွေကနေ တရားမဝင်ဖြတ်ကျော်ဝင်ရောက်လို့ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရသူ ၄၀၀ ဝန်းကျင်ရှိတယ်လို့ ထိုင်း – မြန်မာနယ်စပ်က မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

“တရားမဝင်ဝင်လာလို့ဖမ်းခံထိတာက တစ်လ နဲ့ တစ်လဖမ်းခံထိတဲ့ အရေအတွက်ကတော့မတူဘူး။ စစ်မှုထမ်းဥပဒေအသက်မဝင်ခင်ကထက်တော့များလာတယ်” လို့ ဦးမိုးကြိုးကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်၊ ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်၊ရနောင်းခရိုင်တို့အပါအဝင် ခရိုင် (၁၁)ခုလောက်ကနေ ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ နိုင်ငံထဲကထွက်လာချင်တဲ့ သူများလာတဲ့အပေါ်မှာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကနေလာဖို့ ကုန်ကျစရိတ်တွေကလည်း အရင်ကထက် အဆများစွာတက်လာပြီး မြန်မာငွေကျပ်(၁၀)သိန်းက နေ သိန်း(၃၀)ဝန်းကျင်လောက်ထိ ပွဲစားတွေက တောင်း ယူနေကြတာဖြစ်ပါတယ်။

ဒီလိုတရားမဝင်ခိုးဝင်ရင်း ဖမ်းဆီးခံရသူတွေဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအတွက် ထောင်(၄၅)ရက်က နေ(၃)လထိချခံရမှာဖြစ်သလို ထိုင်းလူကုန်ကူး မှုဥပ‌ဒေနဲ့လည်း ထောင်ဒဏ်(၄)လကနေ (၆)လအထိ ချခံရနိုင် ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။