ဇီးသီး နှင့် ကျန်းမာရေး

Health Knowledge
ဇီးသီး နှင့် ကျန်းမာရေး

ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေပါတယ်။သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောချင်သူတွေအနေနဲ့လည်း တစ်နေ့ဇီးသီး(ဆီးသီး)၅လုံး၊၆လုံးခန့်ပုံမှန်စားသင့်ပါတယ်။

ညဉ့်လုံးပေါက်အိပ်ရေပျက်ခံအလုပ်လုပ်ကြသူများလဲ စိတ်အာရုံကြည်လင်စေရန် တစ်နေ့လျှင် ၃-၄လုံး စားပေးသင့်ပါတယ်။

အသီးသာမက၊ အရွက် နှင့်ပင်စည်အခေါက်တို့ကလဲ လွန်စွာဆေးဘက် ဝင်ကြပါတယ်။ဆီးသီးထဲတွင် မြင့်မားစွာပါရှိသော phytonutrients က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေပါတယ်။ဗီတာမင်စီဓာတ် လဲ အလုံအလောက်ပါရှိသဖြင့်၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာ၊ အအေးမိ/နှာစေး/ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများကို မဖြစ်စေပါဘူး။ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နာတာရှည်ဖျားနာသူများ စားပေးသင့်ပါတယ်။ဇီးသီးစားပေးခြင်းဟာ အစာစားလိုစိတ်ကို တိုးစေတယ် လို့ စကော့တလန် သုတေသီတွေက ဆိုပါတယ်။

ဆီးသီးထဲတွင်ပါရှိသော Asphenols (ခေါ်) အင်တီအောက်ဆီးဒင့်အာနိသင်က ဦးနှောက်နှင့်ဆက်စပ်လျှက်ရှိသော ဆဲလ်များကို ပုံမှန်အလုပ်လုပ်စေကာ၊

ဆီးသီးဟာကျန်းမာရေးအတွက်ကောင်းကျိုးများစေတာမှန်သော်လဲဘဲလိုအပ်သည့်ပမာဏထက် အလွန်အကျူးမစားသင့်ဟုလည်းဖော်ပြထားပါတယ်။ရာသီပေါ်ဇီးသီးကို မြန်မာပီပီစားသုံးပီး ကျန်းမာရေးအတွက်ပါကောင်းကျိုးများရယူနိုင်ကြပါစေ။

credit original writter

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။