ရွှေတိဂုံဘုရားမှ စမ လေးလုံး

Astrology Religion
ရွှေတိဂုံဘုရားမှ စမ လေးလုံး

ရွှေတိဂုံ ဘုရား၏ ရာဟုထောင့် အောင်မြေနေရာမှနေ၍ ဖူးမြှော်ကြည်ညိုလျှင် ပုံတွင်ဖော်ပြထားသော …..စ ဓ ဗ ဝ စမ လေးလုံးအား ရွှေတိဂုံဘုရား၏ခေါင်းလောင်းတော် ပန်းဆွဲ နေရာတွင် ဖူးတွေ့နိုင်ပါသည်

စဓဗဝ စမ လေးလုံးဂါထာ

စက္ခုမာစရ မာစိဏ္ဏော
ဓမ္မညူ ဓမ္မသာမိကော
ဗလူပေတော ဗလဓရော
ဝရဒေါ ဒေတု မေဝရံ ။

အနက်

စက္ခုမာ – ပညာ ၊ မံသ နှစ်ဖြာနှစ်ဝသော စက္ခုတို့နှင့်ပြည့်စုံတော်မူထသော ။
စရမာစိဏ္ဏော – အကုသိုလ်အဖို့မှ ကင်းကွာအောင် အားထုတ်ပြီးထသော ။စရဏ တစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူထသော ။
ဓမ္မညူ – တရားတော် အလုံးစုံတို့ကို သိမြင်တော် မူပြီးထသော ။
ဓမ္မသာမိကော – တရားပိုင်ရှင်အစစ် ဖြစ်တော်မူပေထသော ။
ဗလူပေတော – ဉာဏ်တော် ဆယ်ပါး တို့နှင့်ပြည့်စုံပါပေ၏
ဗလဓရော – အင်အား ၁၀ပါး ကိုလည်း ဆောင်တော်မူပါပေ၏ ။
ဝရဒေါ – နိဗ္ဗာန်သို့လည်း ညွှန်ပြတော်မူပါပေ၏
မေ – တပည့်တော်အား
ဝရံ – ဆုထူးဆုမြတ် အပေါင်းကို
ဒေတု – မြန်စွာမနှေး လျှင်မြန်စွာ ပေးသနားတော်မူပါ မြတ်စွာဘုရား ။
ဤ ဂါထာသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ဖွဲ့
ဆိုထားပြီး ဤကဲ့သို့ ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား
ကောင်းမြတ်သော ဆုကိုပေးသနားရန် လျှောက်ထားသော
ဂါထာ ဖြစ်သည် ။

ရှေးစာ

ဥဒေါင်း ဝံ
ပုဇွန် နဲ့ ငါး
မြီးကိုယ်ပေါ်မှာ စမ ကို
သုံးကြလူများ ။

==> ငါးရံ့အမြီးတွင် စ လုံး အက္ခရာ
==> ဥဒေါင်းအမြီးတွင် ဓ အောက်ချိုင့် အက္ခရာ
==> ပုဇွန်၏ ကိုယ်တွင် ဗထက်ချိုင့် အက္ခရာ
==> ဝံသတ္တဝါတို့၏ ချက်တွင် ဝ အက္ခရာ
၄င်းတို့သည် ကမ္ဘာဦးသတ္တဝါများဖြစ်ကြပြီး
အက္ခရာ လေးလုံး စဓဗဝ အက္ခရာတို့သည် ကမ္ဘာတည်သ၍ မပျောက်ပျက်န်ုင်သော စမ များဖြစ်ကြသည် ။

ယင်းအက္ခရာ လေးလုံးကို ဆေး ၊ အင်း ၊မန္တန် အဆောင်များအဖြစ် စီရင်သုံးစွဲလျှင် သိဒ္ဓိ အောင်မည်ဟုယူဆကြသည် ။ရှေးက အဌကထာ ဆရာများက စာတစ်လုံးစီကို တစ်ပါဒ ပြု၍ ဘုရားရှိခိုး ဂါထာ ကိုစီကုံးခဲ့ကြသည်များလည်းရှိသည်။

ပူဇော်ရွတ်ဖတ်ရန်

မည်သည့်နေဖွား သားသမီးမဆို သက်စေ့သော် ၄င်း ၁၀၈လုံးပုတီးဖြင့် ပုတီးတပတ် သော်၄င်း ရွတ်ဖတ်ပူဇော်နိုင်သည် ။အကျိုးထူး ပို၍ ခံစားစေလိုလျှင် ရွှေတိဂုံဘုရား၏ ရာဟုထောင့်မှနေ၍ အထက်ပါ ဂါထာအား
ပုတီးပတ် ၉ပါတ် ၉ရက် ၊ ၇ပါတ် ၇ရက် ၊ ၉ပါတ် ၁၈ရက် အဓိဌာန်ယူ ပုတီးစိပ်ခြင်း ပြုနိုင်သည် ။

မေတ္တာဖြင့်မျှဝေခြင်း………
credit org

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။