မမှတ်မိနိုင်လောက်အောင် အရမ်းပိန်သွားခဲ့တဲ့ နန်နိုဇာတ်ကောင်ထိုင်းမင်းသမီး

Celebrity International News
မမှတ်မိနိုင်လောက်အောင် အရမ်းပိန်သွားခဲ့တဲ့ နန်နိုဇာတ်ကောင်ထိုင်းမင်းသမီး

လျှို့ဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖိုထိုင်းဇာတ်ကား Girl From Nowhere မှာ နန်နိုဇာတ်ကောင်အဖြစ် နာမည်ကြီးခဲ့တဲ့ ထိုင်းမင်းသမီး ကစ်တီ ချီချဟာ Paris Fashion Week မှာ အာဟာရချို့တဲ့သလိုမျိုး အရမ်းပိန်နေတဲ့ပုံပေါ်နေတဲ့အတွက် ပရိသတ်တွေက သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။

အသက် ၃၀ အရွယ် ကစ်တီဟာ ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့ Saint Laurent show က သူ့ရဲ့ပုံတွေကို မကြာသေးခင်ကမှ မျှဝေပေးခဲ့တာပါ။ အဲ့ဒီပုံတွေကို ပရိသတ်တွေမြင်တွေ့ပြီး အံ့အားသင့်ခဲ့ရတာပါ။ ကစ်တီက Girl From Nowhere ဇာတ်ကားထဲမှာ ပါဝင်ခဲ့တုန်းကလိုမဟုတ်ဘဲ အတော်လေးပိန်သွယ်နေတာကို မြင်တွေ့ရပါတယ်။

သူဟာ ထိတ်လန့်ဖွယ်ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ကိုယ်အလေးချိန် သိသိသာသာလျှော့ချခဲ့ရတယ်လို့ သတင်းတွေအရသိရပါတယ်။ ပရိသတ်တွေက သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်တဲ့အတွက် သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာကျန်းမာရေးကို ဂရုစိုက်ဖို့ ပြောဆိုနေကြပါတယ်။ ပရိသတ်တစ်ယောက်ကဆိုရင် “ဇာတ်ကောင်အတွက် အခုလောက်အထိပိန်အောင်လုပ်စရာလိုလို့လား”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။