ဂါဇာ အပစ်ရပ်ရေး ဆွေးနွေးပွဲ ပြန်စ

International News
ဂါဇာ အပစ်ရပ်ရေး ဆွေးနွေးပွဲ ပြန်စ

ဂါဇာကောင်းကင်ယံက စစ်မီးခိုးလုံးများ

ဂါဇာ အပစ်ရပ်စဲရေးအတွက် မျှော်လင့်ချက်သစ်တွေ ပေါ်ထွက်လာနေတဲ့အတွက် ဆွေးနွေးဖို့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုကို ရောက်နေပြီး အမေရိကန်နဲ့ ကာတာက ဖြန်ဖြေရေးအဖွဲ့တွေနဲ့ တွေ့နေပြီလို့ သိရပါတယ်။

အစ္စရေး အစိုးရဘက်က အသက်ရှင်နေဆဲ ဓားစာခံစာရင်း အပြည့်အစုံ မရဘဲ ကိုင်ရိုကို စေ့စပ်ညှိနှိုင်းရေးအဖွဲ့ မလွှတ်ဘူးလို့ ပြောနေပေမယ့် အစ္စရေးကိုယ်စားလှယ် အဖွဲ့လည်း မကြာခင် ရောက်ဖို့ ရှိပါတယ်။

အစ္စရေးက ဟားမတ်စ်တောင်းဆိုချက်တွေကို သဘောတူရင် နောက် ၂၄ နာရီကနေ ၄၈ နာရီအတွင်း အပစ်ရပ်စဲရေး ယူဖို့ ဖြစ်နိုင်တယ်လို့ ပြောကြောင်း အီဂျစ် သတင်းဌာနတခုက ဟားမတ်စ်ရင်းမြစ်ကို ကိုးကားပြီး ရေးပါတယ်။

အစ္စရေးက ခြောက်ပတ်ကြာ အပစ်ရပ်စဲရေး ယူဖို့ အခြေခံအားဖြင့် သဘောတူပြီးပြီလို့လည်း ထိပ်တန်း အမေရိကန် အရာရှိကြီးတယောက်က စနေနေ့က ပြောကြားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။