ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတဲ့ မင်းသား ဂျရမီ ရန်နာ

Celebrity International News

ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတဲ့ မင်းသား ဂျရမီ ရန်နာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတဲ့ မင်းသား ဂျရမီ ရန်နာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Marvel ဇာတ်ကားတွေမှာ ဟီးရိုးဇာတ်ကောင် Hawkeye အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားဂျရမီ ရန်နာဟာ ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ အထူးကြပ်မတ်ကုသဆောင်မှာ စိုးရိမ်ရတဲ့အခြေအနေရှိပေမဲ့ အခု တည်ငြိမ်တဲ့အခြေအနေမှာရှိနေပြီလို့ သူ့ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ဂျရမီရဲ့မိသားစုက သူ့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ၊ Trukee Meadows Fire and Rescue မီးသတ်ဌာန၊ Washoe County Sheriff ရဲဌာန၊ ရီနိုမြို့တော်ဝန် ဟီလာရီ ဆချီဗီတို့ကိုကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။ သူတို့တွေလည်း ဂျရမီရဲ့ပရိသတ်တွေရဲ့မေတ္တာတရားနဲ့အားပံ့ပိုးမှုတွေအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ တာဝန်ရှိသူတစ်ဦးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျရမီက ဇန်နဝါရီ ၁ ရက်နေ့၊ တနင်္ဂနွေနေ့မှာ သူ့အိမ်နားမှာ ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ခဲ့တာပါ။ အနီးနားက ဆေးဘက်ဆိုင်ရာစင်တာကို ပို့ဆောင်ပြီးတဲ့နောက် ဂျရမီက တနင်္လာနေ့မှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ သူဟာ ရင်ဘတ်မှာ ပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့သလို အရိုးနဲ့ကြွက်သားစနစ်မှာလည်းထိခိုက်မိခဲ့ပါတယ်။

Jeremy Renner update: 'Avengers' star injured by own snowplow while helping  stranded family member - ABC7 Chicago

နှစ်သစ်ကူးရက်သတ္တပတ်အတွင်း နှင်းမုန်တိုင်းတိုက်ခတ်ခဲ့တဲ့ နီဗားဒါးပြည်နယ်၊ Rose-Ski Tahoe အနီးမှာ ဂျရမီရဲ့အိမ်တည်ရှိပါတယ်။ ရီနိုမြို့က Mt. Rose Highway လမ်းမကြီးနားမှာ ဂျရမီ မတော်တဆထိခိုက်မှုဖြစ်ခဲ့တယ်ဆိုတာကို Washoe County Sheriff ရဲဌာနက အတည်ပြုပေးခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ ထိခိုက်ခဲ့သူက ဂျရမီ ရန်နာတစ်ဦးတည်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ဂျရမီက နှင်းတွေဖုံးနေတဲ့ ကားတစ်စီးရဲ့ပုံကို မျှဝေခဲ့ပါသေးတယ်။ မင်းသား ဂျရမီ ရန်နာက Marvel ဇာတ်ကားတွေထဲမှာ ဟီးရိုးဇာတ်ကောင် Hawkeye (ကလင့်ဘာတန် (Clint Barton)) အဖြစ် လူသိများပါတယ်။ သူ့ကို Hansel and Gretel: Witch Hunters ဇာတ်ကားနဲ့လည်း သိကြပါတယ်။ ဂျရမီက “The Hurt Locker”၊ “The Town” ဇာတ်ကားတွေနဲ့ နှစ်ကြိမ် အော်စကာဆုလျာထားခံခဲ့ရသူလည်းဖြစ်ပါတယ်။

ရေးသားသူ – yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။