၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ဖျားနာမှု ဝေဒနာ ဖြစ်ပေါ်နိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးပါ။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တွန်းအားတို့ကြောင့် စိတ်ဖိစီးစေနိုင်ပါမယ်။ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုအတွက် အချိန်အတိုင်းအတာ တခု သတ်မှတ်ထားပေးပါ။

ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး တောင်းဆိုမှုတို့နှင့် ကြုံတွေ့နိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။

ဤကာလအတွင်း လူမှုရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရတတ်ပါတယ်။ ဒါ့အပြင် အထက်အရာရှိ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံဖွယ် ရှိနေသောကြောင့် ရရှိလာသော အခွင့်အရေးတိုင်းကို အသုံးချရန် ကြိုးစားပေးပါ။

ပြိဿရာသီခွင် – Taurus ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်လာပါမယ်။ ကြုံတွေ့နေရသော ကျန်းမာရေး ပြဿနာများမှ လွတ်မြောက်နိုင်ပါမယ်။ ယောဂ ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်အတိုင်း လည်ပတ်နေပါမယ်။ ကြီးမားသော ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုသူများ အနေနှင့် သေချာစွာ စုံစမ်းပေးပါ။ နောက်ကွယ်တွင် လိမ်လည် လှည်ဖျားမှုများ ရှိနေတတ်ပါတယ်။

ဤကာလအတွင် Taurus ရာသီခွင်တို့၏ အချစ်ရေးသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် ပေါ့လျော့မှုနှင့် မပြတ်သားမှုတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါမယ်။ ချစ်သူ စုံတွဲများ အနေနဲ့ မိမိတို့၏ ဆက်ဆံရေးကို ပြန်လည် စဉ်းစားပီး သုံးသပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemini ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ စိတ်အားထက်သန်မှုနှင့် အတူ အာရုံစူးစိုက်မှု အားကောင်းနေပါမယ်။

ငွေရေးကြေးအားဖြင့် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါမယ်။ ရုတ်တရက် ငွေကြေး ရရှိတတ်ပါတယ်။ ရင်းနှီးမြုပ်နုံမှုနှင့် စပ်လျဉ်း၍ အလျင်အမြန် ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ အရေးကြီး ငွေကြေး သဘောတူညီချက်များ ညှိနှိုင်းရသည်အခါ အကြီးအကဲ တစ်ဦးဦးနှင့် သေချာတိုင်ပင်ပါ။

မိသားစုအတွင်း ‌ဝင်ငွေတိုးတက်မှုများ ရှိနေပါမယ်။ ယာဉ်ပစ္စည်းသစ်များ ဝယ်ယူရဖွယ် ရှိနေပါတယ်။ ဘာသာရေးဆိုင်ရာ ကိစ္စတခုခုကို ပြုလုပ်လိုပါက ယခုအပတ်တွင် ကောင်းမွန်နေပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( January 8 to January 14 )
===============================================

ယခုအပတ်သည် Cancer ရာသီခွင်များ အတွက် ကျန်းမာရေး တိုးတက်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ သန့်ရှင်း လတ်ဆတ်သော အစားအစာများနှင့် အတူ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။ မိမိ၏ စိတ်ကို ပျော်ရွှင်အောင်ထားပါ။

ရက်သတ္တပတ် အစောပိုင်းတွင် ငွေရေးကြေးရေး အရ ကြုံတွေ့နေရသော ငွေကြေး ပြဿနာများ ပြေပျောက်နိုင်ပါမယ်။ မြေယာ သို့မဟုတ် ပိုင်ဆိုင်မှု တခုခုတွင် ရင်းနှီးမြုပ်နှံလိုပါက စောင့်ဆိုင်းပေးပါ။ ကံတရားသည် အနည်းငယ် ညံဖျင်းနေတတ်၍ ဆုံးရှုံးမှုနှင့် အတူ အကျပ်အတည်းများ ကြုံတွေ့ရတတ်ပါတယ်။

ဤကာလအတွင်း အချို့သော Cancer ရာသီခွင်တို့သည် ယခင် ပျောက်ဆုံးသွားသော ပစ္စည်း၊ ဥစ္စာများ ပြန်လည် ရရှိတတ်ပါတယ်။ မိသားစု ပတ်ဝန်းကျင်တွင် ပျှော်ရွှင်မှုနှင့် အတူ အချိန်အတူ ကုန်ဆုံးနိုင်ပါမယ်။ မိမိတတ်နိုင်သမျှ ကူညီထောက်ပံ့နိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေး အတွက် အလုံအလောက် အနားယူပေး ရပါမယ်။ နေ့စဉ် လမ်းလျှောက်ပေးပါ။ ဒါ့အပြင် မိမိနေအိမ်တွင် ရိုးရှင်းသော လေ့ကျင့်ခန်း အချို့ကို ပြုလုပ်နိုင်ပါတယ်။

ငွေကြေးအရ အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ မိမိအလိုရှိသော ပစ္စည်းများကို ဝယ်ယူနိုင်ပါမယ်။ သို့သော် မိဘများထံမှ ဦးစွာ အကြံဉာဏ်များ ရယူပေးပါ။

ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ ဒါ့အပြင် အခက်အခဲ ကြုံလာသည့်အခါတိုင်း မိသားစုဝင်များ၊ သူငယ်ချင်းများထံမှ အားပေးမှုနှင့်အတူ ကူညီထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေး အတွက် အချိန်ပေးပါ။ ရာသီအလိုက် ဖြစ်ပွားတတ်သော ဝေဒနာများ ခံစာရတတ်ပါတယ်။ သီတင်းပတ် အလယ်တွင် အလုပ်တာဝန်တို့ကြောင့် စိတ်ဖိစီးမှုများ တိုးလာနိုင်ပါတယ်။

ငွေရေးကြေးရေး အရ ကောင်းမွန်နေပါမယ်။ ‌ဝင်ငွေ တိုးတက်မှုနှင့် အတူ စုဆောင်းနိုင်ပါမယ်။ ရင်းနှီးမြုပ်နှံလိုပါက သင့်တော်သော အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့သည် မိသားစုဝင်များထံမှ အထောက်အပံ့များ ရရှိနိုင်ပါမယ်။ သို့သော် ကြုံတွေ့နေရသော စိုးရိမ်ပူပန်မှုများကို ဖွင့်ဟ ပြောဆိုပေးရန် လိုအပ်ပါလိမ့်မယ်။

တူရာသီခွင် – Libra ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် တခါတရံ ခေါင်းကိုက်ခြင်း စသော အသေးအမွှား ဝေဒနာများ ခံစားရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု ရရှိအောင် နေထိုင်ပေးပါ။

ရက်သတ္တပတ် အစတွင် ငွေကြေးဆိုင်ရာ ပြဿနာများမှ လွတ်မြောက်နိုင်ပါမယ်။ ငွေကြေး တိုးတက်မှုနှင့် အတူ သက်သောင့်သက်သာ နေထိုင်နိုင်ပါမယ်။

ဤကာလအတွင် မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ အစီအစဉ်၊ ပရဟိတ လုပ်ငန်များတွင် ပါဝင်ဆောင်ရွက်ရတတ်ပါတယ်။ မိသားစုအတွင်း အေးချမ်းမှုနှင့် အတူ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာနိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( January 8 to January 14 )
===============================================

ယခုအပတ် အစောပိုင်းတွင် Scorpio ရာသီခွင်တို့သည် အားအင် လျော့နည်းနေသလို ခံစားနေရတတ်ပါတယ်။ အသေးအမွှား ကိစ္စတို့နှင့်ပင် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု ရရှိအောင် ကြိုးစားပေးပါ။

ငွေရေးကြေးရေးအရ ပုံမှန် လည်ပတ်နေပါမယ်။ ကြွေးဟောင်းများ ပြန်လည် ရရှိနိုင်ဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ပစ္စည်းဥစ္စာ စုဆောင်းရာတွင် ဂရုစိုက်ပေးပါ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသာစု ဘဝတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါမယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော နားလည်မှုတို့ဖြင့် ထိန်းသိမ်းထားနိုင်ပါမယ်။ မိမိတတ်နိုင်သမျှ အိမ်မှုကိစ္စများကို ကူညီ ဆောင်ရွက်ပေးပါ။

ဓနုရာသီခွင် – Sagittarius ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ပါမယ်။ အကယ်၍ ဒူး၊ လက်နှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက သက်သာလာဖွယ် ရှိနေပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အလွန် ကောင်းမွန်နေပါမယ်။ ကြွေးဟောင်းကြွေးမှီများ ပြန်လည် ပေးဆောင်နိုင်ပါမယ်။ လိုအပ်သော အရာများအတွက် ဖြည့်ဆည်းနိုင်မည့် အချိန်ကာလ ဖြစ်ပါတယ်။ သို့သော် ငွေကြေး သုံးစွဲမှုအပေါ် အကန့်အသတ် ထားရှိပေးပါ။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝအတွက် အချိန်ပိုမို ရရှိနိုင်ပါမယ်။ သားသမီး ရှိကြသူများ အနေနှင့် ပညာရေး အပေါ် အားစိုက်နိုင်ရန် ကူညီပေးပါ။ မိသားစုဝင်များနှင့်လည်း ခရီးသွားလာရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ရပ်ဝေးဒေသတွင် ရောက်ရှိနေကြသော ရာသီခွင်များ အနေနဲ့ အထီးကျန်မှုနှင့် အတူ စိုးရိမ်ပူပန်မှုများ ခံစားနေရတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ ငွေကြေး ထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး အတက်အကျများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ စိတ်ကို တည်ငြိမ်စေရန် အလုံအလောက် အနားယူပေးပါ။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် သတိထားပေး ရပါမယ်။ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ခရီးသွားလာရသလို ‌မိမိနေအိမ်သို့ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( January 8 to January 14 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ ‌

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။