March လ တစ်လတာအတွင်း အဖြူရောင်ပန်းများကပ်လှူပေး​ရင်း လိုရာဆုတောင်းပါ

Astrology
March လ တစ်လတာအတွင်း အဖြူရောင်ပန်းများကပ်လှူပေး​ရင်း လိုရာဆုတောင်းပါ

15.3.2024~သောကြာနေ့
16.3.2024~စနေနေ့
20.3.2024~ဗုဒ္ဓဟူးနေ့
21.3.2024~ကြာသပတေးနေ့
28.3.2024~ကြာသပတေးနေ့

တင်ပေးထားသော နေ့ရက်ပဒေသာကောင်းများ၌သာ
အဖြူရောင်ပန်း (မည်သည့်ပန်းအမျိုးအစားမဆို)
(၉)ပွင့်၊(၂၇)ပွင့်၊(၁၀၈)ပွင့် ကို အဆင်ပြေမည့် ပန်းပွင့်
အရေအတွက်ကို ယူပြီး ပန်းကန်ပြားထဲတွင်ထည့်ကာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရိုသေစွာ
ကပ်လှူပေးပြီး မိမိလိုအင်ဆန္ဒကို လေးလေးနက်နက်
ဆုတောင်းကြည့်ကြပါ မိတ်ဆွေတို့။ဆရာ အောက်တွင်
ရေးပေးထာသည့်ဆုတောင်းစာအတိုင်း ဆုတောင်းလျှင်
လည်း ရပါတယ်။ဆုတောင်းက ပြည့်စုံပါတယ်။

ယုံကြည်မှုအပြည့်နှင့်သာ သေချာလုပ်ဆောင်နေကြပါ။
အမြန်ဆုံး ထူးထူးခြားခြား ဆုတောင်းပြည့်လာ​စေတာကိုကိုယ်တိုင်သိမြင် စံစားရင်း ပျော်ရွှင် ကြည်နူးစေရပါ့မယ်။

မိမိအိမ် (သို့မဟုတ်) လုပ်ငန်းစီးပွါးရှာရာဌါနတို့တွင်
ဘုရားကျောင်းဆောင်၌ #အဖြူရောင်ပန်းများကို
ပန်းခင်းလမ်းအဖြစ်လည်း မြတ်စွာဘုရားရှင်အား
ရိုသေစွာ ကပ်လှူပူဇော်လှူဒါန်းနိုင်ပါသေးတယ်ဗျ။

အဖြူရောင်ပန်းများကပ်လှူရမည့်အချိန် မသတ်မှတ်ထားပါ။သတ်မှတ်ထားသောရက်များ၌ မိမိအဆင်ပြေမည့်
အချိန်တွင် အဖြူရောင်ပန်းများ ကပ်လှူနိုင်ပါတယ်။

ဆုတောင်းစာ

ဘုရားတပြည့်တော်နှင့်တကွ တစ်မိသားစုလုံးအမြဲထာဝရ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ အသက်ရှည်ကာ အနာမဲ့လျှက် အတိုက်အခိုက် အနှောင့်အယှက် အလုံးစုံတို့မှ ကင်းလွှတ်ငြိမ်းလျှက် စိတ်အေးချမ်းကြည်လင်သာယာစွာဖြင့် စီးပွါးဥစ္စာများ၊ငွေကြေးလာဘ်လာဘများ ထူးကဲထင်ခြားစွာ လက်ဝယ်ပိုင်ပိုင် ရရှိစံစားကြရပြီး တိုးတက်ခြင်းတို့ဖြင့် ကောင်းစွာမသွေပြီးပြည့်စုံနေရပါလို၏ အရှင်မြတ်အပေါင်းတို့ဘုရား…။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။