ပုရိသတွေ ဝိုင်းရံကြဦးမယ့် အဆိုတော်ထူးအိမ်သင်ရဲ့ သမီးချောလေး မိကွန်ထောအကြောင်း

Celebrity Local News
ပုရိသတွေ ဝိုင်းရံကြဦးမယ့် အဆိုတော်ထူးအိမ်သင်ရဲ့ သမီးချောလေး မိကွန်ထောအကြောင်း

နာမည်ကျော်အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသော သမီးလေးမိကွန်ထောက လက်ရှိမှာ ပညာရေးကိုပဲ ဦးစားပေးနေတုန်းပါတဲ့။ အနုပညာအလုပ်လုပ်ဖို့အတွက်လည်း စိတ်ကူးမရှိသေးကြောင်း မီဒီယာအင်တာဗျူးတွေကနေ တဆင့် ပြောပြခဲ့ပါတယ်။

“အနုပညာအလုပ်လုပ်ချင်တာမျိုးတော့ မရှိသေးပါဘူး။အခုချိန်ထိ ကျောင်းလည်းတက်နေတုန်းပဲဆိုတော့လေ။ အခုကေတာ့ MBA တက်နေတာပါ။ ဘာလို့အနုပညာ အလုပ်တွေ မလုပ်ချင်တာလဲဆိုတော့ အပြင်သွားရင် လွတ်လတ်လပ်လပ်ပဲသွားချင်တယ်။ သူများတွေ သတိထားကြည့်ရင် နေရထိုင်ရတာ ကျဉ်းကျပ်တာ မျိုးမကြိုက်လို့ပါ” လို့ သူကဆိုပါတယ်။

သူမဟာ ဖခင်ဖြစ်သူနဲ့ တူတဲ့ အကျင့်လေးတွေကိုလည်း သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါသေးတယ်။ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ယောက်ဖြစ်တယ်လို့လည်း မိကွန်ထောက ပြောပါတယ်။’အဖေနဲ့တူတဲ့အချက်တွေကတော့စိတ်မကျနပ်ရင် ဘုကလန့်တိုက်တာ၊ သမီးက အဖေ့ရဲ့ သီချင်းတွေကိုကြိုက်တာ၊အဖေ့ရဲ့ သီချင်းတွေကို ယူသုံးပြီးတော့ ကိုယ်က မသိလိုက်တာမျိုးကတော့ နည်းနည်းသဘောမကျဘူး။ သုံးချင်တယ်ဆိုရင်လည်း အသိပေးတာမျိုးဖြစ်ဖြစ် ခွင့်တောင်းတာမျိုးပဲဖြစ်ဖြစ် လုပ်စေချင်တာပါ။ အဲ့ဒီအခါ မိသားစုအနေနဲ့ ခွင့်ပြုသင့်တာမျိုးဆိုရင် ခွင့်ပြုမှာပေါ့နော်။”ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။