စတုတ္ထမြောက်ကလေးအဖြစ် သားလေးမွေးပေးခဲ့တဲ့ ဇနီးဖြစ်သူရှေ့ဒူးထောက်ခဲ့တဲ့ တရုတ်အမျိုးသား

International News
စတုတ္ထမြောက်ကလေးအဖြစ် သားလေးမွေးပေးခဲ့တဲ့ ဇနီးဖြစ်သူရှေ့ဒူးထောက်ခဲ့တဲ့ တရုတ်အမျိုးသား

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်က အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူက စတုတ္ထမြောက်ကလေးအဖြစ် သားယောက်ျားလေးမွေးဖွားပေးခဲ့လို့ ဒူးထောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ဇနီးက ပန်းစည်းကိုင်လျက် ဘီးတပ်ကုလားထိုင်မှာ ထိုင်နေခဲ့ပါတယ်။ ဇနီးဖြစ်သူက သူ့ရှေ့ဒူးထောက်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို မြင်ပြီး မျက်ရည်တွေကျခဲ့ရပါတယ်။

သူတို့စုံတွဲမှာ သားယောက်ျားလေးမမွေးဖွားခင်က သမီး ၃ ယောက်ရှိပါတယ်။ ၄ ယောက်မြောက်အဖြစ် သားလေးမွေးဖွားခဲ့တဲ့ ဇနီးဖြစ်သူ အရာအားလုံးလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီတရုတ်အမျိုးသားက ဆိုပါတယ်။
“ငါ့အတွက် မင်းရဲ့အသက်ကို ၄ ကြိမ်မြောက်စွန့်စားခဲ့တာပါ။

ငါ့ဘဝ ပိုပြီးပြည့်စုံအောင်လုပ်ပေးဖို့ ကျေးဇူးတင်ပါတယ်။ သမီး ၃ ယောက်နဲ့ သားတစ်ယောက်ဆိုတာက တရုတ်စကားလုံး “ကောင်းတယ်”အသွင်ကိုဆောင်ပါတယ်။ မိန်းမ…မင်း တာဝန်ကျေပါတယ်”တဲ့။ အဲ့ဒီအမျိုးသားက ဇနီးဖြစ်သူကို ငွေသား စင်ကာပူဒေါ်လာ ၁၈၂၂ ကိုလည်း လက်ဆောင်အဖြစ်ပေးခဲ့တယ်လို့လည်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။