ချစ်သူလေးကိုလက်စွပ်လှလှလေးနဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့ စိုင်းလွှမ်း

Celebrity Local News
ချစ်သူလေးကိုလက်စွပ်လှလှလေးနဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့ စိုင်းလွှမ်း

သရုပ်ဆောင် စိုင်းလွမ်းရဲ့ ချစ်သူဖြစ်တဲ့ သင်ဇာရဲဝင်းကတော့ အနုပညာတက္ကသိုလ်ဆင်း ဇာတ်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ပရိသတ်ချစ်ခင်ရတဲ့ စစ်လွန်းဝတီထက်ကတော့ ထပ်ဆင့်အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးနဲ့ စိုင်းလွှမ်းတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါ တယ်။ သရုပ်ဆောင် စိုင်းလွှမ်းနဲ့မင်းသမီး ထက်ထက်မိုးဦးတို့က စစ်လွန်းဝတီထက် ငယ်ရွယ်စဉ်ကပဲ လမ်းခွဲပြီး ကွာရှင်းပြတ်စဲခဲ့ကြတာလည်း ဖြစ်ပါ တယ်။

သင်ဇာရဲဝင်းက အိုင်ရင်းဇင်မာမြင့်ရဲ့ Happy Birthday တေးသီချင်းလေးကို စစ်လွန်းဝတီထက်အတွက် သီဆိုပေးခဲ့တာလည်းဖြစ်ပါ တယ်။ စိုင်းလွှမ်းက စစ်လွန်းဝတီထက် ငယ်ရွယ်စဉ်ကတည်းက ယနေ့အချိန်အထိ နောက်အိမ်ထောင်မပြုခဲ့ဘဲ သမီးဖြစ်သူ အသက် ၁၃ နှစ်ပြည့် မွေးနေ့နီးခါမှ ချစ်သူကောင်မလေး ဇာတ်မင်းသမီး သင်ဇာရဲဝင်း နာမည်ကို ပရိသတ်သိအောင်Facebook ကနေ Tag တွဲ အတိအလင်းချပြလိုက်တာ လည်း ဖြစ်ပါတယ်။ ဇနီးဟောင်းဖြစ်သူ ထက်ထက်မိုးဦးကလည်း သဘောထားကြီးစွာ ပါးပါးမင်္ဂလာဆောင်မှ လာမယ်လို့ စနောက်ပြီး ပရိသတ်သိအောင်ပြောလာခဲ့ပါသေးတယ်။

ယခုအခါမှာတော့ စိုင်းလွှမ်းက သူရဲ့ချစ်သူလေးကို လက်ထက်ခွင့်တောင်းခံလိုက်တာပဲဖြစ်ပါတယ်။ ချစ်သူလေးကလည်း YES ….. 18.3.24 ဆိုတဲ့ စာလေးနဲ့ လက်ထက်ခွင့်ကိုလက်ခံလိုက်တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။