လဆန်းလပြည့်ကျော်သတိရှိပါ

Astrology
လဆန်းလပြည့်ကျော်သတိရှိပါ

ကျွန်တော်တို့ မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် အယူအဆတစ်ခုမှာ မြန်မာလတွေရဲ့ လဆန်းရက်ပဲဖြစ်ဖြစ် ၊ လပြည့်ကျော်ရက်ပဲဖြစ်ဖြစ် မလုပ်သင့်တဲ့ အလုပ်မျိုးတွေ ရှိပါတယ် ။

ဗဟုသုတအနေနဲ့မျှဝေပေးရမယ်ဆိုရင်…
ဘယ်မြန်မာလမဆို…

လဆန်း(၂)ရက်နေ့မှာ သစ်ပင်မခုတ်သင့်ပါဘူး။
လဆန်း(၄)ရက်နေ့မှာ တောင်တက်ခရီးမသွားသင့်ပါဘူး။
လဆန်း(၈)ရက်နေ့မှာ သစ်ပင်မစိုက်သင့်ပါဘူး။
လဆန်း(၁၀)ရက်နေ့မှာ အပျော်ခရီးမသွားသင့်ပါဘူး။ရေလမ်းခရီးမသွားကောင်းပါဘူး။
လဆန်း(၁၂)ရက်နေ့မှာ ကာမ မကြူးအပ်ပါဘူး။
လဆန်း(၁၄)ရက်မှာ ဘာပဲလုပ်လုပ်သတိတရားနဲ့လုပ်ပါ။မင်္ဂလာကိစ္စမပြုလုပ်ကောင်းပါ။

ဘယ်မြန်မာလမဆို…

လပြည့်ကျော်(၃)ရက်မှာအရောင်းအဝယ်ကတိသတိပြုသင့်ပါတယ်။လယ်ယာစိုက်ပျိုးခြင်းနဲ့ရိတ်သိမ်းခြင်းမလုပ်သင့်ပါဘူး။

လပြည့်ကျော်(၇)ရက်မှာ အထက်မင်းအကြီးအကဲတွေဆီကိုအဝင်၊အထွက်၊အပေး၊အယူကိစ္စတွေမပြုလုပ်သင့်ပါဘူး။

လပြည့်ကျော်(၉)ရက်မှာ မြေတွင်း၊မြေကျင်းတူးဆွတဲ့အလုပ်မျိုးတွေမလုပ်သင့်ပါဘူး။

လပြည့်ကျော်(၁၃)ရက်မှာ ဘာပဲလုပ်လုပ်သတိတရားနဲ့လုပ်ပါ။မင်္ဂလာကိစ္စမပြုလုပ်ကောင်းပါဘူး။

ဤကားဗေဒင်ကျမ်းအလိုတည်း ။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။