Rent Boy ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ထိုင်းပရိသတ်တွေနဲ့ဘန်ကောက်မှာ တွေ့ဆုံခဲ့တဲ့ ပိုင်တံခွန်

Celebrity Local News
Rent Boy ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ထိုင်းပရိသတ်တွေနဲ့ဘန်ကောက်မှာ တွေ့ဆုံခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ မော်ဒယ် သရုပ်ဆောင် အလုပ်တွေကိုလုပ်ကိုင်နေတဲ့ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့စတင်ဝင်ရောက်ခဲ့ပြီး အခုချိန်မှာတော့ အောင်မြင်တဲ့ သရုပ်ဆောင် မော်ဒယ်တစ်ယောက်ဖြစ်လို့နေပါပြီ။

ပိုင်တံခွန်က မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ပထမဆုံး TC Candler’s ရဲ့ most handsome face in 2021 အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပြည်တွင်းမှာသာမက အခုချိန်မှာသူ့ရဲ့အောင်မြင်မှုတွေက အာရှနို်ငငံတွေစီကိုပါပျံ့နှံ့နေပြီး ပြည်ပပရိသတ်တွေပါ အတော်များများရရှိနေပြီပဲဖြစ်ပါတယ်။

မတ်လ (၁၉) ရက်နေ့က ထိုင်းနိုင်ငံ ၊ ဘန်ကောက် ၊ Major Cineplex Sukhumvit
ရုပ်ရှင်မှာပြုလုပ်ခဲ့တဲ့ Rent Boy ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို သရုပ်ဆောင် ပိုင်တံခွန် တက်ရောက်ခဲ့ပြီး ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Rent Boy ရုပ်ရှင်ဇာတ်ကားကို မတ်လ(၂၁)ရက်နေ့ကနေစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ Major Cineplex ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ -Myanmar Celebrity News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။