ခြေငြိမ်စေသောယတြာ

Astrology
ခြေငြိမ်စေသောယတြာ

တစ်ရက် ဗေဒင်ဟောခန်းသို့ အမျိုးသမီးကြီးတစ်ဦး ရောက်ချလာသည် ဘာအကူအညီပေးရမလဲ အဒေါ် ဟု မေးလိုက်ရာအဓိကကတော့ ကျွန်မရဲ့ ယောင်္ကျားနဲ့ သားသမီးတွေ အခုတလော အိမ်ကို ကပ်တယ်ကို မရှိဘူးဆရာလေး။ အိမ်မကပ်တော့ ကျွန်မက စိတ်တိုင်းမကျဖြစ်။ စိတ်တိုင်းမကျတော့ ကျွန်မက အော်တော့တာပေါ့။ ကျွန်မက အော်တော့ ဒင်းတို့က နားပူတယ်ဆိုပြီး အိမ်မှာ မနေချင်ကြပြန်ဘူး။ အဲဒီတော့ ဆရာရယ် ကျွန်မဖြစ်ချင်တာက ကျွန်မ ယောက်ျားနဲ့ ကလေးတွေ အိမ်ကပ်စေချင်တယ်။ အိမ်မြဲစေချင်တယ်။ ခြေမများ စေချင်ဘူး။ အဲဒါကို ကူညီပေးပါဟု ပြောလေ၏။

အင်း… အဲဒီအတွက်တော့ စိတ်မပူပါနဲ့အဒေါ်ရေ။ ကျွန်တော် အခုပြောလိုက်တဲ့ ယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ လင်ရော သားသမီးတွေရော တစ်ယောက်မကျန် အဒေါ်စကားတွေကိုလည်း နားထောင်သွားမယ်။ နောက်ပြီး အိမ်မှာလဲ ကပ်နေစေတယ်။ ခြေလည်း ငြိမ်သွားမယ် အဒေါ်ရေဟု ဆိုကာ အောက်ပါ (၇)ရက်သားသမီး ခြေငြိမ်စေသော အိမ်မြဲစေသော ယတြာများကို ပြောပြလိုက်ရလေတော့ သတည်း။

တနင်္ဂနွေသားသမီးများခြေငြိမ်စေရန်…

တနင်္ဂနွေနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အနောက်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ သပြေရွက်ကိုနင်းထားပြီး ၊ ထန်းရွက်ပေါ်မှာ (န) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (န)အက္ခရာ ရေးထားတဲ့ ထန်းရွက်ကို တနင်္ဂနွေသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

တနင်္လာသားသမီးများခြေငြိမ်စေရန်…

တနင်္လာနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ မြောက်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ နှင်းဆီပန်းကိုနင်းထားပြီး ၊ အုန်းရွက်ပေါ်မှာ (အ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (အ)အက္ခရာ ရေးထားတဲ့ အုန်းရွက်ကို တနင်္လာသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

အင်္ဂါသားသမီးများခြေငြိမ်စေရန်…

အင်္ဂါနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အနောက်တောင် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ အုန်းရွက်ကိုနင်းထားပြီး ၊ ကွမ်းရွက်ပေါ်မှာ (က) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (က)အက္ခရာ ရေးထားတဲ့ ကွမ်းးရွက်ကို အင်္ဂွါသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

ဗုဒ္ဓဟူးသားသမီးများခြေငြိမ်စေရန်…

ဗုဒ္ဓဟူးနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့မြောက် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ကံ့ကော်ရွက်ကို နင်းထားပြီး ၊ ဇီးရွက်ပေါ်မှာ (ဆ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (ဆ)အက္ခရာ ရေးထားတဲ့ ဇီးရွက်ကို ဗုဒ္ဓဟူးသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

ကြာသပတေးသားသမီးများခြေငြိမ်စေရန်…

ကြာသပတေးနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ဇီးရွက်ကိုနင်းထားပြီး ၊ ဝါးရွက်ပေါ်မှာ (လ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (လ)အက္ခရာ ရေးထားတဲ့ ဝါးရွက်ကို ကြာသပတေးသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

သောကြာသားသမီးများ ခြေငြိမ်စေရန်

သောကြာနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့တောင် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ဝါးရွက်ကို နင်းထားပြီး ၊ ပျဉ်းမရွက်ပေါ်မှာ (ပ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (ပ)အက္ခရာ ရေးထားတဲ့ ပျဉ်းမရွက်ကို သောကြာသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

စနေသားသမီးများခြေငြိမ်စေရန်…

စနေနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ တောင်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ မေမြို့ ပန်းကို နင်းထားပြီး ၊ သီဟိုဠ်ရွက်ပေါ်မှာ (သ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (သ)အက္ခရာ ရေးထားတဲ့ သီဟိုဠ်ရွက်ကို စနေသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

၇ ရက်သားသမီးတွေထဲမှာလည်း ခြေမငြိမ်တဲ့ အိမ်သူအိမ်သားများရှိလျှင်တော့ အောက်ပါအတိုင်းပြုလုပ်နိုင်ကြပါသည်။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။

credit org

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။