ဒေါ်လာ တသောင်းကျော်တန် လက်ဆောင်ယူမှုနဲ့ စင်္ကာပူဝန်ကြီးဟောင်းကို ထပ်မံတရားစွဲဆို

International News
ဒေါ်လာ တသောင်းကျော်တန် လက်ဆောင်ယူမှုနဲ့ စင်္ကာပူဝန်ကြီးဟောင်းကို ထပ်မံတရားစွဲဆို

စင်္ကာပူ ပို့ဆောင်ရေး ဝန်ကြီးဟောင်း အက်စ် အစ္စဝါရန်

ခြစားမှုနဲ့ တရားစွဲခံထားရတဲ့ စင်္ကာပူ ပို့ဆောင်ရေး ဝန်ကြီးဟောင်း အက်စ် အစ္စဝါရန်ကို အစိုးရရှေ့နေတွေက ထပ်မံစွဲဆိုလိုက်ပါတယ်။

ဒီစွဲတင်လိုက်တဲ့ အမှုသစ် ၈ မှုထဲမှာ အမေရိကန်ဒေါ်လာ တသောင်းလေးထောင်ကျော်တန်တဲ့ လက်ဆောင်တွေကို ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးဆီက ရယူခဲ့မှုတွေလည်း ပါဝင်တယ်လို့ ခြစားမှု တိုက်ဖျက်ရေး ဗျူရိုက ထုတ်ပြန်ပါတယ်။

ဒီထဲမှာ ဝီစကီပုလင်းတွေ၊ ဂေါက်ကွင်းတွေနဲ့ ဒေါ်လာ ရှစ်ထောင်လောက်တန်တဲ့ ဘရွမ်ပ်တန် စက်ဘီးလို အဖိုးတန် ပစ္စည်းတွေ ပါပါတယ်။

စင်ကာပူမှာ ကိုယ်ပိုင်ကားတစီး ဝယ်ခွင့်လက်မှတ်က အမေရိကန် ဒေါ်လာ ၁၀၆,၀၀၀
မစ္စတာအစ္စဝါရန် လက်ရှိ ရင်ဆိုင်နေရတဲ့အမှုက ၃၅ မှု ရှိပြီး အာရှရဲ့ ဘဏ္ဍာရေး ဗဟိုချက်ဖြစ်တဲ့ စင်္ကာပူကို ကိုင်လှုပ်ခဲ့ပါတယ်။ စင်္ကာပူမှာ ခြစားမှုနဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေ ဖြစ်ခဲပြီး သန့်ရှင်းတဲ့အစိုးရဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။

စင်္ကာပူမှာ ဝန်ကြီးအဆင့်ထိ ပါတဲ့ ခြစားမှုက ၁၉၈၆ က နောက်ဆုံးဖြစ်ခဲ့တာပါ။ အဲဒီအချိန်က အမျိုးသား ဖွံ့ဖြိုးမှု ဝန်ကြီးကို လာဘ်ယူတယ်ဆိုပြီး စွပ်စွဲချက်နဲ့ စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံး ရုံးမှာ တရားမစွဲခင်မှာ ဝန်ကြီး သေဆုံးခဲ့ပါတယ်။

စင်္ကာပူမှာ ခြစားမှုနဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေ ဖြစ်ခဲ

ခြစားမှုနဲ့ အပြစ်ရှိကြောင်း ထင်ရှားရင် အစ္စဝါရန်ကို စင်္ကာပူ ဒေါ်လာ တသိန်းထိ ဒဏ်ရိုက်နိုင်သလို ထောင်ခုနစ်နှစ်ထိလည်း ကျနိုင်ပါတယ်။

ဒီစွဲချက်တွေထဲမှာ လာဘ်စားမှုအပြင် တရားရေးဌာနကို နှောင့်ယှက်မှုလည်း ပါဝင်ပြီး စွဲဆိုမှုတွေအားလုံးကို ၆၁ နှစ်အရွယ် မစ္စတာ အစ္စဝါရန်က ပယ်ချခဲ့ကြောင်း စင်္ကာပူ သတင်းဌာနတွေက ရေးပါတယ်။

ဝန်ကြီးဟောင်းအစ္စဝါရန် ( ဒုတိယ ညာ )နဲ့ သူဌေးကြီး အွန်ဘန်ဆိုင်း (ညာစွန်)

စင်္ကာပူမှာ အချမ်းသာဆုံး အိမ်ခြံမြေ သူဌေးကြီး အွန် ဘန်ဆိုင်းဆီက လက်ဆောင်တွေ ယူတယ်ဆိုပြီး ဇန်ဝါရီလက သူ့ကို စွဲဆိုခဲ့ပါတယ်။

သူ့ကို မနှစ် ဇူလိုင်လက ဖမ်းဆီးခဲ့ပြီး အွန်ဘန်ဆိုင်းရဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းနီးပါး အခွင့်အရေးတွေ ရယူခဲ့တယ်ဆိုပြီး စွဲဆိုခဲ့ကြောင်း ရိုက်တာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီခြစားမှု စွဲချက်တွေထဲမှာ အွန်ဘန်ဆိုင်းရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ မစ္စတာ အစ္စဝါရန် ခရီးသွားတာပါသလို ဘောလုံးပွဲနဲ့ ဂီတပြဇာတ် လက်မှတ်တွေ၊ စင်္ကာပူမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ လက်မှတ်တွေ ရယူတာ ပါပါတယ်။ အစ္စ၀ါရန်က ဒီကားပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီအတွက် အကြံပေးဖြစ်ပြီး အွန်ဘန်ဆိုင်းက ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။