ကျန်းမာရေးကောင်းသောအဆုတ်ရရှိစေရန်အတွက် စားသုံးရမည့် အစားအစာ (၁၄) မျိုး

Health Knowledge
ကျန်းမာရေးကောင်းသောအဆုတ်ရရှိစေရန်အတွက် စားသုံးရမည့် အစားအစာ (၁၄) မျိုး

(၁) ရေ

ရေသည်ကျန်းမာရေးအတွက်အရေးကြီးဆုံးသောအရာတစ်ခုဖြစ်ပြီးမည်သည့်သန့်ရှင်းသောလုပ်ဆောင်ချက်များကိုမဆို အခြေခံသည်။
သန့်ရှင်းစင်ကြယ်သောရေသည် အဆုတ်မှ သွေးဖြတ်သန်းစီးဆင်းဝင်ရောက်ခြင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့အဆုတ်၏ရေဓာတ်ကိုထိန်းသိမ်းပေးပြီးချွဲ၊သလိပ်၊နှပ်နှင့်နှာရည်များကိုစီးဆင်းစေသည်။ ချွဲ၊ သလိပ်၊ နှပ် နှင့် နှာရည်တို့သည် မနှစ်မြို့ဖွယ်ဖြစ်သော်လည်း ၎င်းတို့သည် အဆိပ်အတောက်ရှိသောအရာများနှင့်အဏုကြည့်ကိရိယာဖြင့်သာမြင်နိုင်သောပိုးမွှားများကို၎င်းတို့နှင့်အတူဖယ်ရှားရှင်းထုတ်ပေးသွားသောကြောင့် အရေးကြီးသောအပိုင်းဖြစ်သည်။

(၂)ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

၎င်းတို့၏အနံ့စူးရှသောဟင်းခတ်ပစ္စည်းများဖြစ်ကြ၍နှလုံးနှင့်အဆုတ်များအတွက်အထူးကောင်းမွန်ပါသည်။၎င်းတို့သည်ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း၊ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်းနှင့် ရောဂါကူးစက်မှု့ကို တိုက်ထုတ်ပေးပါသည်။

(၃)ချင်းပင်၊ ချင်းစိမ်း၊ ချင်းတက်

ဤဟင်းခတ် ပစ္စည်းများတွင် ရောင်ရမ်းမှု့ကို လျော့ကြစေသော သတ္တိပါ၀င်ပါပြီး အဆုတ်မှ ညစ်ညမ်းမှု့များဖယ်ထုတ်ပေးမှု့ကိုအထောက်အကူပြုပါသည်။

(၄)ငရုတ်သီး ငရုတ်ကောင်း

ငရုတ်သီးငရုတ်ကောင်းများသည်သွေးလှည့်ပတ်စီးဆင်းမှု့ကိုအားကောင်းစေပြီးရောဂါပိုးများဝင်ရောက်ခြင်းကိုတိုက်ထုတ်ပေးသည်။

(၅)အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ပန်းပွင့်စိမ်း၊ကိုက်လန်စသည်တို့သည် အဆုတ်ကင်ဆာဖြစ်ပွားမှု့ကို တားဆီးပေးပြီးအဆုတ်ကင်ဆာဖြစ်ပွားမှု့တစ်ဝက်ကို လျော့ချပေးသည်။ ၎င်းတို့တွင် သွေးများကိုသန့်စင်စေပြီးသွေးဆဲလ်အသစ်များတည်ဆောက်ပေးနိုင်သော ကလိုရိုဖီးလ် အပြည့်အဝပါ၀င်ပြီး အချို့အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြည့်အဝပါ၀င်ပါသည်။

(၆)သလဲသီး

သလဲသီးနှင့်ပြုလုပ်ထားသော အချိုရည်သည် အဆုတ်ကြူမာ ဖြစ်ပွားမှု့ကိုလျော့ချပေးသည်။ ကင်ဆာရောဂါသုတေသနပြုလုပ်ရာတွင်များစွာအကျိုးပြုသော အဲလက်ဂျစ်အက်ဆစ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများအပြားတို့သည် သလဲသီးတွင်ပါ၀င်ပါသည်။

(၇)နနွင်း

နနွင်းဟုခေါ်သောဟင်းခတ်အမွှေးအကြိုင်သည်ချင်းပင်၊ချင်းစိမ်း၊ချင်းတက်တို့၏အကျိုးအာနိသင်များနှင့်ဆက်နွယ်တူညီသောအကျိုးအာနိသင်ရှိသည်။

(၈)ပန်းသီး

ဗီတာမင် အီး နှင့် ဗီတာမင် စီ များတို့သည် အဆုတ်လုပ်ငန်းဆောင်ရွက်ချက်များအတွက် အကောင်းဆုံးကူညီပေးသည်။ပန်းသီးများတွင် ထိုဓာတ်များပြည့်ဝစွာပါ၀င်သည်။ ပန်းသီးကို အပတ်စဉ်အမြဲစားသုံးပေးခြင်းဖြင့်ပိုမိုကျန်းမာသောအဆုတ်ကို ရရှိစေပါသည်။

(၉)ဂရိပ်ဖရု (သို့) ရှောက်ခါးသီးကြီး

အရည်ရွမ်းသောဂရိပ်ဖရု(သို့)ရှောက်ခါးသီးကြီးများသည် ကင်ဆာဖြစ်ပေါ်စေသော အင်ဇိုင်းကိုဟန့်တားပေးသည်။ဂရိပ်ဖရုသီးသည်ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်းအဆုတ်သန့်ရှင်းစေရန်အတွက် အထူးကောင်းမွန်သော အသီးဖြစ်သည်။

(၁၀)ပဲတောင့်မျိုး၊ ပဲတောင့်ပင်၊ ပဲသီးတောင့်၊

ပဲစေ့ကဲ့သို့ သောအစေ့များ၊ အခွံမာသီးများဤကဲ့သို့သောပဲသီး၊ပဲစေ့များနှင့်အခွံမာသီးများတွင် အဆုတ်လုပ်ငန်းဆောင်ရွက်ချက်များကို ဖြည့်ှဆီးပေးနိုင်သော မဂ္ဂနီဆီယမ်နှင့် သတ္တုဓါတ်များပြည့်ဝစွာပါ၀င်သည်။

(၁၁)မုန်လာဥနီ

မုန်လာဥနီသည်အဆုတ်ရောဂါများဖြစ်ပွားမှု့ကိုလျော့ချပေးပြီးကျန်းမာသောအဆုတ်ဖြစ်စေရန်အတွက် အထောက်အကူဖြစ်စေသော ဗီတာမင်အေ၊ဗီတာမင်စီနှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်း များပြည့်ဝစွာပါ၀င်သည်။

(၁၂)လိမ္မော်သီးများ

ရှောက်၊သံပရာမျိုးဝင်အသီးများသည်ဗီတာမင်စီ နှင့် ဗီတာမင်ဘီ6များပြည့်ဝစွာပါ၀င်သည်။ အဆုတ်အတွက်အောက်စီဂျင်ဆုတ်ယူရာတွင်အကူအညီပေးသည်။

(၁၃)ရွှေဖရုံသီး

ရွှေဖရုံသီးသည် မုန်လာဥနီကဲ့သို့သော အကျိုးအာနိသင်ပြည့်ဝသောအသီးတစ်မျိုးဖြစ်သည်။

(၁၄)ငရုတ်ပွ

ဤငရုတ်ပွများတွင်ဗီတာမင်စီနှင့်ဗီတာမင်အေကဲ့သို့သော ဓာတ်များကြွယ်ဝစွာပါ၀င်ပြီး အဆုတ်ကင်ဆာဖြစ်ပွားမှု့နှုန်းကိုလျော့ကျစေပါသည်။

(#ကျန်းမာရေးဆောင်းပါးမှ။)
#AMKH
Credit ပေးပါသည်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။