သွေးတိုး ဆီးချို အာရုံကြော အတွက် ငရံ့ပတူ

Health
သွေးတိုး ဆီးချို အာရုံကြော အတွက် ငရံ့ပတူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးတိုး ဆီးချို အာရုံကြော အတွက် ငရံ့ပတူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးတိုး ဆီးချို အာရုံကြော အတွက် ငရံ့ပတူ

ဟင်းတမယ်အနေနဲ့ရော အေးခါး ဓါတ်စာ အနေနဲ့ရော အရွက်ကို ပြုတ်စား ကြော်စားပါက ကိုယ်ပူ ချောင်းဆိုး လေနာနှင့်မီးယပ်သွေးခဲ၊ သွေးကျန်တို့ကို ကြေပျက်၍ ကျစေသည်။

 

အရွက်ကိုပြုတ်၍ သုပ်စားပါက လေကောင်း ဝမ်းမှန်စေသည်။

အမြစ်ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။

အစေ့ကို လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါများအတွက် အသုံးပြုသည်

မြန်မာဆေးကျမ်းများအလိုအရ ငရံ့ပတူ အမြစ်နှင့် အရွက်သည် ပူ၊ခါး သော အရသာရှိ၏။ ကြေညက်၍ ပူသော ဂုဏ်သတ္တိရှိ၏။ သွေးကို ကြွစေပြီး လေကို ရစေသည်။

တိုင်းရင်းဆေးသမားတော်များကအရွက်နှင့် အမြစ်တို့ကို သန်ကျဆေး အနာကြီးရောဂါဆေးများနှင့် မီးယပ်ဆေး များဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

အမြစ်နှင့် ဖော်စပ်သောဆေးသည် ဒူလာ၊ ညောင်းကျ၊ ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အကိုက်အခဲ ကို ပျောက်ကင်းစေနိုင်သည်။

အာရုံကြော ကျန်းမာစေနိုင်တယ်

အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်၊ multiple sclerosis (MS)တွေလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် အာရုံကြောတွေ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက် စားပေးလို့ ရပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်

အမျိုးအစား ၂ ဆီးချိုကလည်း တော်တော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီကျန်းမာရေးပြဿနာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် သက်သာစေဖို့ပဲဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဆီးချိုအပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုး ကာကွယ်ပေးနိုင်တယ်

သွေးတိုးတာကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတာတွေကို ခံစားရနိုင်ပါတယ်။

သွေးတိုးသက်သာစေဖို့နဲ့ သွေးတိုးကာကွယ်ဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်

ကင်ဆာ သက်သာစေနိုင်တယ်

ကင်ဆာက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကျန်းမာရေး ပြဿနာပါ။ ကင်ဆာက ဆဲလ်တွေ ထိန်းချုပ်မရနိုင်အောင် ပွားလာရာကနေတဆင့် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်လာပါတယ်။

ဒီကင်ဆာတွေကို ဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် ဖြစ်ဖြစ်၊ သက်သာစေဖို့ ဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

တစ်နေ့တာ လှုပ်ရှားမှုအတွင်း ထိတွေ့မိတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာက တစ်ရှူးတွေနဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေနဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်လေ့လာမှုတွေအရကတော့ ငါးရံ့ပတူရွက်က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက် စားသုံးပေးလို့ ရပါတယ်။

ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

နှစ်စဉ် ကမ္ဘာတလွှားမှာ ဗိုင်းရပ်စ်ပိုးတွေ အမျိုးမျိုးကူးစက်နေပါတယ်။ ဒီလိုမျိုး ဗိုင်းရပ်စ်တွေ ကူးစက်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။

 

ဒါကြောင့် ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်

ထိခိုက်မှုကြောင့် ဖြစ်ဖြစ်၊ ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်ဖြစ် အရေပြားပေါ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုရော၊ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အသည်း ကျန်းမာစေနိုင်တယ်

Bioactive ဒြပ်ပေါင်းတွေ ဖြစ်တဲ့ (phenolics၊ tannins၊ flavonoids၊ alkaloids၊ terpenoids၊ saponins နဲ့ sterols)တို့ ပါဝင်နေတာကြောင့် အသည်းကို ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

ဆေးဝါးတွေ၊ အယ်လ်ကိုဟောနဲ့ အခြားသော အရာတွေကြောင့် အသည်း ထိခိုက်တာတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။