နွေရာသီမှာ ကိုယ်တွင်းအပူချိန် မမြင့်တက်ရန် သတိထားရမည့်အချက်များ

Health Knowledge
နွေရာသီမှာ ကိုယ်တွင်းအပူချိန် မမြင့်တက်ရန် သတိထားရမည့်အချက်များ

ဒီကနေ့ရဲ့ ကျန်းမာရေးဆိုင်ရာအစီအစဉ်မှာတော့ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မမြင့်တက်စေဖို့ ရှောင်ရန် ဆောင်ရန်တွေကို ပြောပြပေးသွားပါမယ်။

နွေရာသီရောက်ပြီဆိုတာနဲ့ အပူဒဏ်ကို နေ့စဉ် လူကြီးတွေရော ကလေးတွေပါ တော်တော်လေး ခံစားလာကြရပါတယ်။ ဒီလို အပူချိန် မြင့်တက်လာတာနဲ့အတူ ထပ်ပြီး ခံစားရနိုင်တာက ကိုယ်တွင်းအပူချိန် မြင့်တက်တာပါ။ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ သတိထားရပါမယ်။

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် နေပူထဲမှာ အချိန်အကြာကြီးနေတာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်သလို အခန့်မသင့်ရင် အပူလျှပ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။ ကလေးတွေနဲ့ လူကြီးတွေပါ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာမျိုးကို ရှောင်ဖို့ လိုပါတယ်။

ရာသီဥတု ပူပြင်းတဲ့ အချိန်မှာ လေ့ကျင့်ခန်း လုပ်တာကလည်း ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် နေရောင်အောက်မှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်။

နေပြင်းတဲ့ အချိန်မှာ အရက်သောက်တာတွေကို ရှောင်ရှားဖို့ လိုပါတယ်။ နွေပူနေချိန်မှာ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်သုံးခြင်းဖြင့်လည်း ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးစေပြီး ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပါတယ်။

ခုတင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာကိုတော့ သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ကျန်းမာရေးဆောင်းပါးတွေကနေ ထုတ်နုတ်ပြီးတော့ စံတော်ချိန်က စီစဉ်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ရေးသားသူ -The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။