” ကားရောင်းထွက်စေဖို့ ” လက်ရွေးစင် ယတြာများ

Astrology
” ကားရောင်းထွက်စေဖို့ ” လက်ရွေးစင် ယတြာများ

ကားတစီးဝယ်ထားပြီး ပြန်ရောင်းဖို့ကြန့်ကြာနေသောအခါ ကားဝယ်ရောင်းလောကရဲ့ စကားလို (ညပ်)နေရင် အစီအရင်ယတြာတခုပြောပြပေးမယ်

ငါးကြင်းခွက် ( ကြံရည်ဆိုင်မှာတွေ့ရတတ် )
ငါးကြင်းခွက်ထဲကို ရေနွေးပူပူထည့်ပါ
သံပုရာသီး ( ၃ )လုံး ညှစ်ထည့်လိုက်ပါ
ပြီးရင် နံပါတ်ပြားအပါအဝင် ကားနောက်ပိုင်းအား ဥာဏ်ရှိသလို ညင်သာစွာ ပတ်ဖြန်းလိုက်ပါ ပတ်ဖြန်းသည်ဟုဆိုရာ၌ သင်္ကြန်မှာ ကလေးတွေခွက်စောင်းခုတ်သလို
ခပ်ကြမ်းကြမ်း မပတ်ပဲ ညင်သာစွာပတ်ဖြန်းပါ

ပတ်ဖြန်းနေရင်း ” ရက်ပိုင်းအတွင်း အမြန်ရောင်းထွက်ပါစေ ” လို့ဆုတောင်းပါ
ပြီးတာနဲ့ ဆူးလေဘုရားကို(၄)ပါတ်ပြီး ဆုတောင်းပါ ဆူလေမဟုတ်လဲအဝိုင်းတခုခုကိုပတ်ရင်ရပါတယ် ရက်ပိုင်းအတွင်း ရောင်းထွက်သွားပါလိမ့်မယ်
အမြတ်နည်းခြင်း များခြင်းကတော့ ကိုယ့်လောဘ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ ကိုယ်ဖေါ်တဲ့ဆေး ကိုယ်စားသည် လက်တွေ့အောင်မြင်မှုများကြုံပြီးမှ အမျိုးတွေကို စေတနာဖြင့် ပြန်လည်ဖေါက်သည်ချပေးသည် ရောင်းထွက်ကြပါစေ စီးပွားတိုးတက်ကြပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။