သိုက်ဆက်များမက်လေ့ရှိသော အိပ်မက်များ

Astrology
သိုက်ဆက်များမက်လေ့ရှိသော အိပ်မက်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သိုက်ဆက်များမက်လေ့ရှိသော အိပ်မက်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သိုက်ဆက်များမက်လေ့ရှိသော အိပ်မက်များ

သိုက်နန်း မှ လာသောသူ အတော်များများတွင် မိမိလာသောသိုက်မှ များသောအားဖြင့် မိမိ အား အိပ်မက်ဖြင့်အသိပေးတတ်ကြပါတယ်ရှင်…
သိုက်နန်းမှကျန်ရှိသော အမိ၊အဘ၊အကို၊အမ၊မောင်နှမ တွေက မိမိ ကတိသစ္စာ မပျက်ဖို့အရေး အိပ်မက်ဖြင့်အသိပေးနိုင်ကြပါတယ်….

(၁)လောင်းလှေစီးရခြင်း ကို မြင်မက်ခြင်း
(၂)ရေဖြင့်သွားရသောလမ်းခရီးများ ကို မြင်မက်ခြင်း
(၃)ရေထဲရှိသော ဘုရားများအားဖူးခြင်းအား မြင်မက်ခြင်း
(၄)ရေထဲမှ မြွေ၊နဂါး များအား မြင်မက်ခြင်း
(၅)မြွေများမှ မိမိအား ခွေ၍ပတ်ထားသည့် သဏ္ဌာန်မြင်မက်ခြင်း
(၆)‌မိမိခန္ဓာအရည်ခွံများ လဲလှယ်ခြင်း၊ကျွတ်ခြင်းဟု မြင်မက်ခြင်း
(၇)မိမိသွားလေရာ ဘေးဥပဒ် မဖြစ်အောင် စောင့်ရှောက်ပေးသူအမြဲရှိသည်ကို မြင်မက်ခြင်း
(၈)တောတောင်လျိုမြောင် ချောက်ကြား ဘုရားများအား ဖူးမြင်သည်ကို မြင်မက်ခြင်း
(၉)အိုဟောင်းနေသောဘုရား၊ကျောင်းကန်၊ စေတီ၊ပုထိုးများအား မြင်မက်ခြင်း
(၁၀)မသိနိုင်သော လှိုဏ်ဂူထဲသို့ မကြာခဏ လာလာခေါ်သည် အား ထပ်ခါ ထပ်ခါ မြင်မက်ခြင်း တို့ စသည်ဖြင်းများစွာမြင်မက် တတ်ကြပါသည် ။

အထက်ပါ နံပါတ် (၁၀)မြင်မက်ပါက အထူးအထူး ဂရုစိုက်တတ်ရပါမယ်ရှင့် …
ဘာသာတရားကိုင်းရှိုင်းပါ
မိမိသိုက်၏ကိုယ်စား အလှူဒါန(ဘာလှူလှူ) ပြုလုပ်ပေးပါ။
မိမိသိုက်အားသာဓုခေါ်ဆိုနိုင်စေရန်အမျှဝေပါ

ရေးသားသူ –ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။