သိမ်မွေ့နူးညံ့တဲ့အလှတရားတွေနဲ့ ပြည့်စုံလာတဲ့ အဆိုတော်ထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ ရတနာလေး မိကွန်ထော

Celebrity Local News
သိမ်မွေ့နူးညံ့တဲ့အလှတရားတွေနဲ့ ပြည့်စုံလာတဲ့ အဆိုတော်ထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ ရတနာလေး မိကွန်ထော

“မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွေးတာ ချစ်သမီးလေးရဲ့ ပါးနု နုလေးလေးတွေမှာ…ငှက်ကလေးများရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ …” ဆိုတဲ့သီချင်းလေးကြား တိုင်း မြန်မာ့ဂီတလောကရဲ့ ဆရာတစ်ဆူလို့ဆိုလို့ရတဲ့ ဆရာထူးအိမ်သင် နဲ့အတူ သူ့သမီးလေးကိုပါပြေးမြင်မိကြမှာ အသေအချာပါပဲ။

ဆရာငှက် ဟာ နူးညံ့သိမ်မွေ့ လှပတဲ့ သီချင်းကောင်းများစွာ ကို ဖန်တီး သီဆိုခဲ့ပြီး သူ ဖန်တီးသီဆိုထားခဲ့တဲ့ သီချင်းကောင်းတွေအများကြီးထဲကမှ သူ့ရဲ့ သမီးငယ်လေး မိကွန်ထော အတွက်သီဆိုခဲ့တဲ့ ” တုနှိုင်းမဲ့ ရတနာ ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ သမီးလေးအပေါ်ထားရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားကို အပေါ်လွင်ဆုံးပြသနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။

ဆရာငှက် ကွယ်လွန်သွားတာ နှစ်တွေကြာလာတာနဲ့အမျှ ဆရာငှက်သမီးလေး မိကွန်ထော ဟာလည်း တစ်နေ့တစ်ခြား ပိုပိုလှလာပြီး ယခုအခါမှာ လှပလွန်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးဖော်ပြလာတာဖြစ်ပါတယ်။ ဆရာထူး အိမ်သင် ရဲ့ တုနှိုင်းမဲ့ရတနာလေး မိကွန်ထောရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးကြည့်ရှုခံစားနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။