ဖယောင်းတိုင် နိမိတ် ဟောကြားချက်များ

Astrology
ဖယောင်းတိုင် နိမိတ် ဟောကြားချက်များ

ဖယောင်းတိုင်ထွန်းခြင်းက နတ်များ အပါအဝင် မမြင်နိုင်သော spirit များ ကို ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖယောင်းတိုင် ဘယ်လို လောင်ကျွမ်းတယ် ဆိုတာကို မကြည့်ရင်တော့ ဘာမှ သိမှာ မဟုတ်ပေမဲ့ သတိထား ကြည့်ရင်တော့ သင့် ဆန္ဒတွေ သင့် ဆုတောင်းတွေ နဲ့ ပတ်သက်တဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘယ်လို လောင်ကျွမ်းသလဲ?

ဖယောင်းတိုင် က မီးထွန်းညှိ လိုက်ချိန်မှာ ကောင်းမွန်စွာ လောင်ကျွမ်းခြင်း ပါက သင်ဟာ ကံကောင်း အဆင်ပြေမယ်။ ကောင်းမွန်စွာ လောင်ကျွမ်းခြင်း မရှိဘဲ ရပ်တန့်သွားရင်တော့ ကောင်းတဲ့ နမိတ်မဟုတ်ပါ။

မီးတောက်က မညီဘဲ မြင့်လိုက် နိမ့်လိုက် ဖြစ်ခြင်း၊ အပေါ်အောက် ပြင်းထန်စွာရွေ့လျားနေရင် နတ်များက စိတ်ဆိုးတာ မကျေနပ်တာကို ပြတာပါ။

မီးတောက်ကို ကြည့်ပါ။

မီးတောက် က တိုမယ် သို့မဟုတ် ဘယ်ညာယိမ်းပြီး က နေသလိုမျိုး ဆိုရင် သင့်ကို ပြောချင်တာ တခုခုရှိလို့ပါ။ ခုန်နေသလိုမျိး ဆိုရင် မကောင်းပါ။
တည်ငြိမ်ရှည်လျား တောက်ပ တဲ့ မီးတောက်ကသာ သင့် လိုအင်ဆန္ဒများပြည့်ဝ စေမည့် နမိတ်ကောင်းပါ။

မီးတောက် ရဲ့အရောင်။

အပြာရောင် မီးတောက်က နတ်တွေ Fairy တွေ Angie တွေ သင့်အနားမှာ ရှိနေတာကို ပြတာပါ။ သင် အမျှဝေတာ ဆုတောင်းတာ ကြားချင်လို့ စောင့်နေပါတယ်။
အနီရေင် မီးတောက်က သင့်ရဲ့ ပြင်းပြတဲ့ လိုအင် ဆန္ဒများ ဖြစ်နိုင်သလို နတ်များက သင့်ကို စိတ်ဆိုးတာ လည်း ဖြစ်နိုင်ပါတယ်။

မီးတောက်အဝါကတော့ ကောင်းမွန်တဲ့ အရောင်ပါ။
အဖြူရောင် မီးတောက် က တော့ မြင်ရခဲပါတယ် ငြိမ်းချမ်းခြင်း အေးချမ်းမှု တွေtအပြင် နတ်များက ချစ်ခင်တာကိုhပြပါတယ်။
အမဲရောင် ကတော့ မကောင်းပါ တချို့ က သေခြင်းတရား လို့တောင် ယူဆ ကြပါတယ်။

မီးတောက်ယိမ်းတဲ့ဖက်။

မြောက်ဖက် ယိမ်းတာ များရင် သင့်ဆုတောင်းများ ပြည့်မှာပါ။
တောင်ဖက် များများ ယိမ်းရင်လည်း ပျော်စရာ များကြုံမယ်။
အရှေ့ဖက်ကတော့ နတ်များချစ်ခင် တာပြတာပါ။
အနောက်ယိမ်းတာ များရင်သင့် ရဲ့ စိတ်တွေ လှုပ်ရှားတာ များလွန်းနေလို့ပါလျော့ချဖို့ပါ။

လောင်ကျွမ်းမှု ပြီးဆုံးရင်။

ဖယောင်းတိုင် တတိုင်လုံး လုံးဝပြီးဆုံးအောင် လောင်ကျွမ်းမှသာ ကောင်းပါတယ်။
တဝက်တပျက်ဆိုရင် သင့် ဆန္ဒတွေ မပြည့်ဝ နိုင်ပါ။
လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ ဖယောင်းများ ကလည်း ပုံစံအမျိုူမျိုး ပြပါတယ်။
ဘာအဓိပါယ်လဲ ဆိုတာကတော့ သင့်ဘဝ သင့်ဆုတောင်း နဲ့ ဆက်စပ်ကြည့်မှ သိနိုင်ပါလိမ့်မယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။