အသည်းကြီးလျှင် ဖရဲသီးစားပါ

Health Knowledge
အသည်းကြီးလျှင် ဖရဲသီးစားပါ

အသည်းရောဂါ နှစ်မျိုးရှိပါ သည်။ ရုတ်တရက် ဖြစ်သော အသည်းရောဂါနှင့် နာတာရှည်အ သည်းရောဂါ တို့ဖြစ်သည်။ ရုတ် တရက်ဖြစ်သော အသည်းရောင် အသားဝါ ရောဂါမှာ ပိုးဝင်၍သော် လည်းကောင်း၊ အပူအစပ် အရက် သေစာအသောက် အစားများ၍ သော်လည်းကောင်း၊ ဆေးထိုးဆေး စားမှား၍ သော်လည်းကောင်း၊ ရုတ် တရက်ဖြစ်သော ဝေဒနာ ဖြစ်သည်။ ဆေးကုရ လွယ်ပြီး အပျောက်မြန် သည်။ ဆင်ခြင်ပြီး နေထိုင်လျှင် ဓာတ်စာဖြင့် ပင်ပျောက် ကင်းသက် သာနိုင်သည်။

နာတာရှည် အသည်းရောဂါ များမှာအသည်း ကြီးခြင်း၊ အသည်း အဆီဖုံး ရောဂါ၊ အသည်းခြောက် ရောဂါ၊ အသည်းတွင် ပိုးတွယ်ကပ် နေသောရောဂါ၊ မှိုတက်သော ရောဂါများ ဖြစ်သည်။ အနောက် တိုင်းဆေးပညာအရ ဝမ်းကိုက်ပိုး၊ ဘီပိုး၊ စီပိုးများသည် ယခုခေတ်တွင် အလွယ်တကူ ကူးစက် နေသည်။ မသန့်ရှင်းသော အစားအသောက် များ၊အသုံး အဆောင်များ၊ ပစ္စည်း ကိရိယာများ၊ ဈေး၊ ဆေးရုံ၊ ဘက်စ် ကားများ၊ ဆံပင်ညှပ်ဆိုင် များစ သည်တို့တွင် ကူးစက်မှု အများဆုံး ဖြစ်သည်ဟု ဆိုသည်။

မြို့ကြီးပြ ကြီးများ၊ လူနေထူထပ် သောနေ ရာတွင်နေထိုင် သူများ အဖို့နေ့စဉ် အသည်းရောဂါ ရဖို့ရှောင်လွှဲ မရ နိုင်အောင်ကြုံတွေ့ ရလေ့ရှိသည်။
နှစ်ပြန်ကြော်နှင့် အကြော် ဆီများ မှာလည်းအသည်း အဆီဖုံး ရောဂါ ကိုဖြစ်စေသော အဓိက အချက်များ ဖြစ်နေသည်။

မန္တလေးကဲ့သို့ ပူပြင်းသော အရပ်ဒေသများတွင် အရက်သေစာ သောက်သုံး သူများတွင်လည်း အသည်းကြီးရောဂါ အဖြစ်များ သည်။ အရက်ဘီယာ ဆိုင်များ၊အ ရက်ချက် စက်ရုံများ၊ ထုတ်လုပ် ရောင်းချသူများကို ကန့်သတ်မှု မရှိလျှင်ပို၍ ပင်ဆိုးလာ နိုင်သည်။ အရက် ကြောင့်ဖြစ်သော အသည်း ရောဂါမှာနောက်ဆက် တွဲဖော ရောင်သော ရေဖျဉ်း စွဲရောဂါနှင့်နိဂုံး ချုပ်အသက်ဆုံး ရလေ့ရှိသည်။ ကြော်ငြာ ရောင်းချသော အသည်း အားဆေးများသည် အရက်သမား များ၏အသက်ကို မကယ်နိုင်ပေ။

အသည်း ကင်ဆာနှင့် thayဆုံးရ သူများမှာ ဆေးအားကိုး သူများ ဖြစ်ကြောင်းတွေ့ရှိရသည်။ ရာသီစာ အမျိုးမျိုးတွင်ပူသော ရာသီဥတုနှင့်လည်း အဆင်ပြေ အသည်းရောဂါ သမားများ အတွက် လည်းအကျိုးပြု စေနိုင်သော ဓာတ် စာတစ်မျိုးကို တင်ပြရလျှင် ယခု အချိန်တွင် ပေါပေါရနိုင်သော ဖရဲ သီးကိုပင်တင်ပြရမည် ဖြစ်သည်။ ဖရဲသီးသည် အအေးစာဖြစ်သည်။ နုံးတင်မြေနှင့်ကိုင်းမြေများ၊မြစ် ကမ်း၊ချောင်းကမ်းစပ်သဲသောင်ခုံ များတွင်စိုက်ပျိုးလျှင်ဖြစ်ထွန်း အောင်မြင်သောအသီးမျိုးဖြစ် သည်။

ဖရဲစိုက်သူများ သည်ပြည် တွင်းသာမက နယ်စပ်မှ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ကြသည် ဖရဲသီးသည် အာပေါ ဓာတ်စာ ဖြစ်သဖြင့် အစာအိမ်ကို အေးမြစေ ပြီးအစာအိမ်ပူ လောင်ခြင်းကိုသက် သာစေနိုင်သည်။ ဝမ်းမီးကိုငြိမ်းစေ နိုင်သဖြင့် သတိပြုရန်မှာ ထမင်း မစားမီကြိုတင်၍ ဖရဲသီး ကိုမစား သင့်ပေ။ ဝမ်းမီးငြိမ်း သွားသဖြင့် ထမင်းစားသော အခါအစာမကြေ ဖြစ်တတ်သည်။

ဖရဲသီး၊သခွား သီး၊သင်္ဘောသီး မှည့်များကိုစား သုံးလျှင်ထမင်းစားပြီးမှသာစား သုံးသင့်သည်။ဖရဲသီးသည်ဓာတ်စာအဖြစ် စားလျှင်နေ့လည်မွန်းတည့်ချိန် စက်နာရီ၁၂ နာရီမှ ၁ နာရီအချိန် အတွင်းစားရမည်ဟ ုရှေးဓာတ်စာ ဆရာကြီးများက ဆိုသည်။ထိုအ ချိန်တွင် အစာမစားဘဲ ဖရဲသီးချည်း သီးသန့်တဝ စားပေးခြင်းဖြင့်ဝမ်း တွင်းအပူ အောင်းသော ရောဂါမှန် သမျှကိုပျောက်ကင်း စေနိုင်သည့် အပြင်ကျောက်တည် သောရော ဂါကိုလည်းသက်သာ စေနိုင်သည်။

အထူးသဖြင့် ကွမ်းစား သူများ၊သည်း ခြေအိတ်ကျောက်တည် သူများ၊ ကျောက်ကပ် ကျောက်ရှိသူများ၊ အသည်းကြီး ရောဂါရှိ သူများ၊နေ ပူမီးပူနှင့် အလုပ်လုပ် ရသူများ ဤ ဓာတ်စာကို တစ်ပတ်လျှင်၃ကြိမ် ခန့်စားသုံး ပေးလျှင် သက်သာ စေနိုင်သည်။
နေမွန်းတည့်ချိန် ဖရဲသီးစား ခြင်းကို မှန်မှန်ရက်သတ္တပတ်ခန့် ပြုလုပ်သဖြင့်ကျောက်ကပ်မှ ကျောက်တည်ရောဂါရှိသူတစ်ဦး ကျောက်များပြုတ်ကျပြီးဆီးသွား ရာတွင်ပါလာသည်ကိုလွန်ခဲ့သော ဆယ်စုနှစ်ခန့်ကတွေ့ဖူးပါသည်။ ဂျပန်ဖရဲခေါ်ဖရဲသီးအဝါရောင်စား ၍ကျောက်ကျဖူးသူများလည်းရှိ သည်ဟု ကွမ်းယာရောင်းသူတစ် ဦးကပြောသည်ကိုလည်းမှတ်သား ရဖူးသည်။

အသည်းကြီးသောရောဂါ မှာတိုင်းရင်းမြန်မာဆေးပညာအယူ အဆအရအသည်းတွင်အပူငုပ် သောရောဂါဖြစ်သဖြင့်ဖရဲသီးကို ယခုရာသီချိန်တွင် မှန်မှန်စားသုံး ပေးခြင်းဖြင့်သက်သာနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။