“ငွေကိုဘယ်လိုထားမလဲ”

Astrology
“ငွေကိုဘယ်လိုထားမလဲ”

ငွေကို ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာ စသည်မှာထားပါတယ် …ဒါပေမဲ့…ထားတဲ့နည်းစံနစ် လိုပါတယ်..မိမိငွေ အဝင်များဖို့…အထွက်နည်းဖို့လာဘ်ကောင်းဖို့…လုံခြုံစိတ်ချဖို့….ကံတက်စေဖို့…အဝင်ကောင်း သလိုအထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ..ဖုန်းရွှေFung Shui ပညာက အခုလိုအကြံပြုပါတယ်..

၁။ကရဝေးရွက် နဲ့အတူထားပါ…အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ…
ငွေပွားများ လာစေပါတယ်…

၂ ။အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ..,လာဘ်ပွင့်လန်းစေတဲ့အပြင်မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်….

၃ ။ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ်အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ…ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်…

၄ ။ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေအတူထားပါ..ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်….

၅ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ….ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ…။

၆ ။ပိုက်ဆံအိတ်ထဲမှာ​ငွေလုံးဝ မရှိတဲ့ အဖြစ်မျိုး မပြုမိပါစေနဲ့….ငွေကံ ညံ့သွားတတ်ပါတယ်…

၇ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ…
ရော မထားပါနဲ့…

ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့…လာဘ်တိတ်ပါတယ်…အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ်… အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့ သင့်ပါတယ်…ဝင်ငွေကောင်း ငွေမြဲပြီးလာဘ်လာဘ ပွားများကြပါစေ..

#crd.

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။