စီးပွားရေးအတွက်ယတြာ

Astrology
စီးပွားရေးအတွက်ယတြာ

အကယ်၍များ သင်သည် စီးပွားရေးလုပ်ငန်းတစ်ခုခုအတွက် ဆောင်ရွက်ရန် အခက်အခဲ တစ်ခုခုကြုံခဲသော် အောက်ပါယတြာကို ဆောင်ရွက်ပါက သင်၏ စီးပွားလုပ်ငန်း အခက်အခဲများ ပြေပျောက်စေမည် ဖြစ်ပါသည် ။

တနင်္ဂနွေသားသမီးဖြစ်ပါက

အင်္ဂါနေ့ မနက် (၁၀) နာရီခွဲမှ(၁၂)နာရီတွင်းပြုလုပ်ရန် ယတြာမှာ….ကံ့ကော်(၁၅)ညွန့်တံခွန်ကုက္ကား တစ်စုံအမွေးတိုင် (၂၇) တိုင်ရေ (၃၆)ခွက်ကိုဗုဒ္ဓဟူးထောင့်တွင်လှူဒါန်းပါ ။

တနင်္လာသားသမီးဖြစ်ပါက

ဗုဒ္ဓဟူးနေ့မနက် (၁၀ )နာရီခွဲမှ(၁၂) နာရီတွင်းပြုလုပ်ရန် ယတြာမှာ….ဇီး(၈)ညွန့် တံခွန်ကုက္ကားတစ်စုံအမွေးတိုင် (၂၇)တိုင်ရေ (၃၆)ခွက်ကိုကြာသပတေးထောင့်တွင်သွားရောက်လှူဒါန်းပါ ။

အင်္ဂါသားသမီးဖြစ်ပါက

ကြာသပတေးနေ့မနက် (၁၀) နာရီခွဲမှ(၁၂)နာရီတွင်းရွက်လှ (၁၇) ညွန့်တံခွန်ကုက္ကားတစ်စုံအမွေးတိုင်(၂၇)တိုင်ရေ (၃၆)ခွက်ကိုသောကြာထောင့်တွင်သွားရောက်လှူဒါန်းပါ ။

ဗုဒ္ဓဟူးသားသမီးဖြစ်ပါက

သောကြာနေ့မနက်(၁၀) နာရီခွဲမှ (၁၂)နာရီတွင်းမေမြို့ (၁၉)ညွန့်တံခွန်ကုက္ကားတစ်စုံ
အမွေးတိုင် (၂၇)တိုင်ရေ (၃၆) ခွက်ကိုစနေထောင့်တွင်သွားရောက်လှူဒါန်းပါ ။

ကြာသပတေးသားသမီးဖြစ်ပါက

စနေနေ့ (၁၀ )နာရီခွဲမှ(၁၂) နာရီတွင်းသီဟို (၂၁)ညွန့်တံခွန်ကုက္ကားတစ်စုံအမွေးတိုင် (၂၇)တိုင်ရေ (၃၆) ခွက် ကို တနင်္ဂနွေထောင့်တွင်သွားရောက် လှူဒါန်းပါ ။

သောကြာသားသမီးဖြစ်ပါက

တနင်္ဂနွေနေ့မနက်၁၀ နာရီခွဲမှ ၁၂ နာရီတွင်းထန်းညွန့် (၁၀) ညွန့်တံခွန်ကုက္ကားတစ်စုံအမွေးတိုင် (၂၇ )တိုင်ရေ (၃၆) ခွက် ကိုတနင်္လာထောင့်တွင်သွားရောက်လှူဒါန်းပါ ။

စနေသားသမီးဖြစ်ပါက

တနင်္လာနေ့ မနက်၉ နာရီမှ ၁၀ နာရီခွဲတွင်းအုန်း (၆)ညွန့်တံခွန်ကုက္ကားတစ်စုံ
အမွေးတိုင် (၂၇ )တိုင်ရေ (၃၆ )ခွက်ကို အင်္ဂါထောင့်တွင်
သွားရောက်လှူဒါန်းပါ ။

“လာဘံသိဒ္ဓိ ပီယံသိဒ္ဓိ” ယတြာဖြစ်ပါတယ် ။
#Crd:ဆရာ မြတ်ထွဋ်ခေါင်ပို့စ်ကို ကိုးကားပါသည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။